မန္တလေး၊ ဇန်န၀ါရီ ၂၁
ယနေ့ နေ့လယ် ၂နာရီခန့်တွင် မိုးကုတ်မြို့ အောင်ချမ်းသာရပ်၊ ပတ္တမြားဈေးအတွင်းရှိ ရွှေဆိုင်နှစ်ဆိုင်
သေနပ်ပစ်ခက် အနုကြမ်း စီးခံ ရပြီး လူတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရှိခဲ့ကြောင်း မိုးကုတ်မြို့မရဲစခန်းမှ သတင်းရရှိသည်။
ဖြစ်ပွားပုံမှာ လူခြောက်ဦးခန့်မှ ဆိုင်ကယ်သုံးစီးဖြင်လာရောက်ခဲ့ပြီး
ဆိုင်ကယ်အား ဈေးအပြင်တစ်နေ ရာတွင် ထားကာ ဈေးအတွင်းရှိ နဂါးရွှေဆိုင်သို့
သေနက်ဖြင့် ပစ်ခက်ခြိမ်းခြောက်ကာ အသင့်ပါလာသော တူ ဖြင့် ရွှေထည့်ထားသော
မှန်ကောင်တာများအား ရိုက်ခွဲကြောင်း အသင့်ပါလာသော အိတ်ထဲသို့ ထဲ့ခဲ့ပြီး
မျက်နှာချင်း ဆိုင် ဖြစ်သည့် မီလျှံ ရွှေဆိုင်မှာ မှန်ကောင်းတာများအား
အလားတူရိုက်ခွဲကာ အိတ်ထဲသို့ ထည့်ခဲ့ကြောင်း ထို့ နောက် ပြန်အထွက်တွင်
သေနပ်ဖြင့် ရမ်းသမ်းပစ်ခက်သောကြောင့် ၀န်ထမ်း အသက်လေးဆယ် ခန့်
အမျိုးသားတစ်ဦး၏
ရင်အုံသို့ ထိမှန်ခဲ့ပြီး သေဆုံးခဲ့ကြောင်း မီလျှံရွှေဆိုင်ပိုင်ရှင်၏
သမက်မှာ ပေါင်ခြံသို့ ထိမှန်၍ မိုးကုတ်မြို့နယ်ဆေးရုံသို့
ပို့ဆောင်ကုသထားကြောင်း မိုးကုတ်မြို့မ ရဲစခန်းမှ ဒုရဲအုပ် နိုင်ဝင်းက
ပြောသည်။
ဖိုးလပြည့်
Popular Myanmar News Journal
No comments:
Post a Comment