အွန်ဆိုင်းက သူငယ်ချင်း မိုးစက်ဝိုင်နဲ့
အတူ ကျိုက်ထိုမြို့က ဆိပ္ဖူးတောင် လူငယ် ပရဟိတ ဖွံ့ဖြိုးရေး ဂေဟာမှာ ပရဟိတ
လုပ်ငန်းတွေ လုပ်ဖို့အတွက် ဇန်နဝါရီ ၇ ရက်နေ့က လိုက်ပါလာခဲ့ပါတယ်။ ပရဟိတ
အလုပ်တွေကို အားတက်သရော ပါဝင် ဆောင်ရွက်လေ့ ရှိတဲ့ မော်ဒယ် အွန်ဆိုင်းကို
ပရဟိတ လုပ်ကိုင်ရတဲ့ အပေါ် သူ့ရဲ့အမြင်ကို မေးတော့..
”ပရဟိတ လုပ်ခွင့် ရတဲအတွက် အွန်ဆိုင်းက
ဘုရားကို ကျေးဇူးတင်တယ်။ အငယ်ဆုံးသော သူကို ကူညီတယ်။ အငယ်ဆုံးသော သူကို
ချစ်ခြင်းမေတ္တာ ပြတယ်။ ဒါတွေ အားလုံးကလည်း ဘုရား အလိုတော်ရှိတဲ့ အရာတွေပဲ။
အွန်ဆိုင်းကတော့ တတ်နိုင်သမျှ လုပ်ဆောင်သွားမှာပါ။ လူတိုင်းက ပရဟိတစိတ်
အနည်းနဲ့ အများတော့ ရှိမယ်။ တချို့က လုပ်ဖြစ်တယ်။ တချို့က မလုပ်ဖြစ် ဘူး။
မလုပ်ဖြစ်ပေမယ့် ရောက်တဲ့ နေရာမှာ အလှူငွေ ထည့်တာ ရှိမယ်။
လူတိုင်းမှာ
ပရဟိတ စိတ်ထား ရှိမယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။ လက်ရှိ မော်ဒယ်
လောကမှာလည်း ပရိသတ် အားပေးမှု ရရှိနေပြီး အောင်မြင်တဲ့ မော်ဒယ်တစ်ဦး
ဖြစ်တဲ့ မော်ဒယ် အွန်ဆိုင်းက ၂ဝ၁၄မှာ သူ့ရဲ့ ဖက်ရှင်ပိုင်းတွေကို ပိုပြီး
ဂရုစိုက်သွားမှာ ဖြစ်သလို၊ ကိုယ့်ဆီလာတဲ့ အလုပ်တွေကိုလည်း စေတနာနဲ့
အကောင်းဆုံး လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းကိုလည်း အွန်ဆိုင်း က…
”အွန်ဆိုင်းက မော်ဒယ်လည်း ဖြစ်နေတော့
ဖက်ရှင်ပိုင်းကို ပိုပြီး ဂရုစိုက်သွားမှာပါ။ ဖက်ရှင်က အွန်ဆိုင်း အတွက်
၇ဝရာ ခိုင်နှုန်းလောက် အရေးပါပါတယ်” လို့ ပြောပါတယ်။ နှစ်သစ်မှာ ပရိသတ်တွေ
စိတ်ချမ်းသာ၊ ကိုယ် ကျန်းမာစွာ နဲ့ အလုပ်အကိုင်တွေ အဆင်ပြေကြပါစေလို့
နှစ်သစ် ဆုတောင်းစကား ပြောခဲ့ပါတယ်။
ခိုင်ဝေလွင်/popularmyanmar
No comments:
Post a Comment