မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Thursday, January 23, 2014

လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး အပေါ် ကြိုဆိုပါကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း ပြော

ပြည်ထောင်စု လွှတ်တော် နာယက က ဒေါ်အောင်ဆန်းစုကြည် အဆိုပြုသည့် လေးပွင့် ဆိုင်တွေ့ဆုံ ဆွေးနွေး ရေးဆိုင်ရာ ကိစ္စရပ်အပေါ် ကြိုဆိုပါကြောင်း၊ ဖွံ့ဖြိုးရေး ရန်ပုံငွေသိန်း(၁၀၀၀) သုံးစွဲခြင်းသည် မဲဆွယ်ခြင်း မဟုတ်ဘဲ  ပြည်သူများ၏ အမှန်တကယ် လိုအပ်ချက် ကို ဆောင်ရွက်ပေးခြင်း သာဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း ကပြောသည်။
ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းသည် ယနေ့ မွန်းလွဲ(၁)နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိခန်းမဆောင်၌ ပြည်တွင်း၊ ပြည်ပမှ သတင်းမီဒီယာ သမားများအား တွေဆုံ၍ မေးမြန်းချက် များကို ပြန်လည်ဖြေ ကြားသည်။

တွေဆုံပွဲတွင် တက်ရောက်လာကြသည့် မီဒီယာသမားများက လွှတ်တော်၏ဆောင်ရွက်ချက်များအပေါ် ပြည်သူများ၏ ထင်မြင် ယူဆချက် သဘောထား၊ လွှတ်တော်ရေးရာ ကော်မတီများ၏ ဆောင် ရွက်ချက်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ၏ သဘောထား၊ ဖွံ့ဖြိုးရေး ရန်ပုံငွေ သိန်း(၁၀၀၀) သုံးစွဲခြင်းကိစ္စ၊ နိုင်ငံတော် သမ္မတအပါအဝင် ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်း ထားသည့် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး၊ လွှတ်တော်ရေးရာ ကော်မတီ များ၏ လယ်ယာမြေ ဆိုင်ရာ ဆောင်ရွက်ချက်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ပြဋ္ဌာန်းချက်နှင့် စပ်လျဉ်း၍မေးမြန်း ခဲ့ကြသည်။

Popular News

No comments:

 Blogger

Myanmar CNN