မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Wednesday, January 22, 2014

လက်မှတ်နှုန်း ၃ဝဝဝနဲ့ ပြုလုပ်မယ့် ရော့ခ်ကာကြီး ဇော်ဝင်းထွဋ်ရဲ့ ရွှေရတု အမှတ်တရ ဖျော်ဖြေပွဲ

တေးသံရှင် ဇော်ဝင်းထွဋ် အသက် ငါးဆယ်ပြည့် ရွှေရတု မွေးနေ့ အထိမ်း အမှတ်အဖြစ် ပြုလုပ်မည့် ရော့ခ်ဂီတ ဖျော်ဖြေပွဲကြီးကို ဇန်နဝါရီလ ၂၅ရက် ည ၆ နာရီ အချိန် တွင် MCC Outdoor ဧရိယာ၌ ကျင်းပပြုလုပ်မည့် အကြောင်း စာနယ်ဇင်း ရှင်းလင်းပွဲကို ဇန်နဝါရီ ၁၆ ရက်နေ့ ညနေက royal ဧရာဝတီ သင်္ဘောဖြင့် ရန်ကုန်မြစ်ထဲတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

Saturaday Night Live at MCC ဟု အမည်ပေးထားသော ဂီတ ဖျော်ဖြေပွဲ တွင် ဇော်ဝင်းထွဋ်နှင့်အတူ ဆောင်းဦးလှိုင်၊ အဲလက်စ်၊ စည်သူလွင်၊ ဖြိုးကြီး၊ ထူးအယ်လင်း၊ Big Bag ၊ စိုင်းစိုင်းခမ်းလှိုင်၊ မိုးမိုး၊ အီတိုး၊ ဟေမာနေဝင်း၊ မေဆွိ၊ ကော်နီ၊ သျှီ၊ ဆုန်သင်းပါရ် တို့က ပါဝင် ဖျော်ဖြေကြ မည်ဖြစ်သည်။


ရွှေရတု အမှတ်တရအဖြစ် အခမ်းနားဆုံး စီစဉ်တင်ဆက်မည့် ဇော်ဝင်းထွဋ်၏ ဂီတဖျော်ဖြေပွဲကြီးကို ပရိသတ် အလွှာအားလုံး ကြည့်ရှုခံစားနိုင်စေရန် လက်မှတ်ဈေးကို ကျပ်၃ဝဝဝ (သုံးထောင်)နှုန်းသာ သတ်မှတ်ထားပြီး ပွဲနေ့တွင်လည်း ပရိသတ်များအတွက် အထူးအစီအစဉ်များ ထည့်သွင်း ထားကြောင်း သိရသည်။

“အသက် ၅ဝ ပြည့်ဆိုတော့ အပုဒ် ၅ဝဆိုမှာပေါ့ (ရယ်လျက်) တခြားသူတွေ လည်းပါမှာဆိုတော့ အားလုံးအပုဒ် ၅ဝ လောက်တော့ သွားလိမ့်မယ်။ ပရိသတ် တွေလည်း အားလုံး အဆင်ပြေအောင် လက်မှတ်ကြေးကို ၃ဝဝဝ ပဲ သတ်မှတ်ထားတယ်။ ထိုင်ကြည့်ချင်တဲ့ လူတွေအတွက်လည်း စင်တစ်ခု လုပ် ထားပြီး ရပ်ကြည့်တဲ့ သူတွေနဲ့ ထိုင်ကြည့်တဲ့သူတွေအားလုံး အဆင်ပြေ အောင် လုပ်ထားတယ်။ အဓိကကတော့ ဒီပွဲလေးမှာ ခင်မင် ရင်းနှီးတဲ့ မိတ်ဆွေတွေ သူငယ်ချင်းတွေ အားလုံးနဲ့အတူ ပျော်ပျော်ပါးပါးလေး ဆင်နွှဲဖို့ ပါပဲ” ဟု တေးသံရှင် ဇော်ဝင်းထွဋ်ကပြောသည်။


Myanmar News Media

No comments:

 Blogger

Myanmar CNN