တောင်အာဖရိက ရဲ့ ပထမဆုံး လူမဲသမ္မတဖြစ်ပြီး အသားအရောင်ခွဲခြားမှုကို
ဦးဆောင်တိုက်ပွဲဝင်ခဲ့သူ မစ္စတာမန်ဒဲလား အသက် ၉၅ နှစ်မှာ
ကွယ်လွန်သွားပြီလို့ လက်ရှိသမ္မတ ဂျက်ကော့ဇူမားက အခုလေးတင် ကြေညာသွားပါတယ်။
မစ္စတာမန်ဒဲလားရဲ့ ဘဝကောက်ကြောင်း ၁၉၁၈ ခုနှစ် ဇွန်လှိုင်လ ၁၈ ရက်နေ့မှာ မစ္စတာမန်ဒဲလားကို မွေးခဲ့တယ် ။သူ့ဖခင်က လူမျိုးနွယ်တစ်ခုရဲ့ အကြီးအကဲ တစ်ပါးပါ။ တက္ကသိုလ်မှာတော့သူဟာ ဥပဒေ ဘာသာရပ်ကို သင်ကြားခဲ့တယ်။ African National Congress လို့ခေါ်တဲ့ အာဖရိက အမျိုးသား Congress ကိုဝင်ပြီးတော့ တောအာဖရိကမှာ ကြီးစိုးနေတဲ့ အသားရောင် ခွဲခြားရေး ဝါဒ လူဖြူကြီးစိုးအုပ်ချုပ်ရေးဝါဒ apartheid ကို လူငယ်ဘဝကစပြီးတော့ တိုက်ပွဲဝင်ခဲ့တာပါ။
ANC ကိုလူဖြူအစိုးရက နှိပ်ကွပ်ပြီး တော့ အဖွဲ့ဝင်တွေကို ထောင်ချ ဖမ်းဆီး နှိပ်စက် ဒီလိုလုပ်တဲ့အထဲ ANC ခေါင်းဆောင်တစ်ဦးဖြစ်လာတဲ့ Mandela လဲ မလွတ် နိုင်ပါဘူး။ သူ့ကိုလည်း ဖောက်ခွဲမှုတွေ နိုင်ငံတော်ပုံကန်မှုတွေ အကြမ်းဖက်ရန်ကြံစည်မှုတွေနဲ့ ဖမ်းဆီး တရားစွဲထောင်ချခဲ့ပါတယ်။ Nelson Mandela ဟာ ထောင်ထဲမှာ ၂၇ နှစ် နေခဲ့ရပေမဲ့ သူ့ရဲ့လွတ်မြောက်ရေး စိတ်ဓာတ်ကို လူဖြူ အစိုးရက ချိုးနှိမ်လို့မရခဲ့ပါ ဘူး။
၁၉၉၀ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ Robben ကျွန်းအကျဉ်းစခန်းက လွတ်မြောက်လာတော့ သူ့ကို စိတ်လှုပ်ရှားစွာ စောင့်ကြို နေကြတဲ့ လူအုပ်ကြီးနဲ့ ကမ္ဘာကိုပြောလိုက်တဲ့ မိန့်ခွန်းထဲမှာ ငြိမ်းချမ်းရေး လွတ်မြောက်ရေးတွေ သူဆောင်ယူ လာမယ်လို့ ကတိပြုလိုက်တဲ့ သူ့စကားက ကမ္ဘာအနှံ့က ပြည်သူတွေရဲ့ ရင်ထဲမှာ အားတွေကိုဖြစ်စေခဲ့ပါတယ်။
တကယ်တော့ တောင်အာဖရိက အရေးဟာ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ရတဲ့ အရေးပါ။ သူ့ရဲ့ မစွန့်မနစ် အားမာန်တွေကြောင့် တိုက်ပွဲဝင် ကြသူတွေ အားပျက်တွေလာကြရင် သူ့ပုံရိပ်နဲ့ စစ်တပ်တွေက ထိန်းကျောင်းနိုင်ခဲ့ပါတယ်။
Nelson Mandela ရဲ့ အခန်းကဏ္ဍကို လူမည်းတွေတင် လေးစားခဲ့ရတာ မဟုတ်ပါဘူး။ လူဖြူတွေဘက်ကလဲ လေးစားခဲ့ရပါတယ်။
သူထောင်က ထွက်ထွက်လာခြင်း ပြီးခဲ့တာတွေ ပြီးပါစေတော့ဆိုတဲ့ သူ့ရဲ့ခံစားမှုကို လျစ်လျှူရှု ပြီးတော့ အဲ့လိုစကားကို ပြောလိုက်တဲ့အတွက် တောင်အာဖရိက အစိုးရတွေထဲက လူတွေတောင် အံ့သြခဲ့ကြတယ်လို့ ဆိုပါတယ်။
တောင်အာဖရိက အရေးမှာ ကိုယ်ကမှန်တဲ့ ဘက်ကရှိပေမဲ့ လွတ်လပ်ရေးတိုက်ပွဲဆိုတာက အလကားတော့ ရတာမဟုတ်ပါဘူး။ ပေးဆပ်ရမှုတွေ၊ ကြံကြံခံရမှုတွေက အမြဲလိုလို လိုအပ်နေတာပါ။
သူ့ရဲ့ ရဲဘော်ရဲဘက်တစ်ဦးဖြစ်တဲ့ ဒန်းနစ်ကိုဘက် က Mandela ဟာလွတ်မြောက်ရေးအတွက် လုံးဝ အလျှော့မပေး ခိုင်မာခဲ့တဲ့ Mandela ဟာ အောင်ပွဲကိုရလိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်။ အဲ့ဒီအောင်ပွဲဟာလဲ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးပြီး ရမဲ့ အောင်ပွဲ ဖြစ်တဲ့ အကြောင်း ပြန်ပြောပြခဲ့ပါတယ်။ တောင်အာဖရိနိုင်ငံ အခုလို လွတ်မြောက်လာတာနဲ့ အကောင်းဆုံး အသင့်တော်ဆုံး နိုင်ငံရေး လမ်းကြောင်းကို Nelson Mandela က ချနိုင်ခဲ့ပါတယ်။
Nelson Mandela ကို ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီးအဖြစ် ဖြစ်စေတဲ့ သူ့ရဲ့ အဓိက အရည်အသွေးကတော့ ခွင့်လွှတ်နိုင်စွမ်းပါလို့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း Mr. Tony Blair ကဆိုပါတယ်။
Nelson Mandela နေရာကို ဝင်ကြည့်ရင် သူခံစားရတဲ့ ကြွေခဲ့စရာတွေ တရားမျှတမှု ကင်းမဲ့တာ တွေ မနှစ်မြို့စရာ နှိပ်ကွပ်မှုတွေကို ကြုံခဲ့ရသူ တစ်ဦးက ပြုခဲ့သူတွေကို လက်စားချေချင်စိတ် ရှိမှာ သေချာပါပဲ။ ဒါပေမဲ့ သူဟာ သူ့ နိုင်ငံ သူ့ပြည်သူတွေ အားလုံးကို ရှေးရှုပြီးတော့ ခွင့်လွှတ်တဲ့စိတ်နဲ့ ပြန်လည်ပေါင်းစည်းရေးကို လုပ်ပြနိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်လို့ ချီးမြှောက်ခဲ့ပါတယ်။
အသားရောင်ခွဲခြားရေးဝါဒကို ရဲရဲတောက် တိုက်ပွဲဝင်ခဲ့တဲ့ Nelson Mandela တစ်ယောက် အသက် ၉၅ နှစ် အရွယ်မှာ ကွယ်လွန်သွားတာဆိုတော့ မီးစာကုန် ဆီခမ်းလို့ ကွယ်လွန်သွားတယ်လို့ ဆိုကြမှာပါ။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ သူထား ခဲ့တဲ့ အမှန်တရားဘက်က အညံ့မခံ တိုက်ပွဲဝင်တဲ့ ဘာမထီ စိတ်ဓာတ်နဲ့ ဖိနှိပ်ခဲ့သူတွေကို ခွင့်လွှတ်ပြီးတော့ နိုင်ငံရေးအရ ရင်ကြားစေ့ရေးကို ပြုလုပ်ပေးနိုင်ခဲ့တဲ့ Mr. Nelson Mandela ရဲ့ ပုံရိပ်နဲ့ စိတ်ဓာတ်တွေကတော့ ဘယ်တော့မှ ပျောက်လွင့်သွား မှာ မဟုတ်ပါဘူး။

BBC News
searchmyanmar.com
No comments:
Post a Comment