Q. သံယောဇဉ်အနား နှလုံး သားဗဟိုမှာ အေးမြတ်သူပါဝင်ရတဲ့ ဇာတ်ကောင်က
A. အေးမြတ်သူ ဒီကားမှာ စစ် သူနာပြု ကရင်မလေး အဖြစ် သရုပ် ဆောင်ရမှာပါ။ အေးမြတ်သူ အဲဒီ အတွက် စစ်ယူနီဖောင်းချုပ် တာက အစ ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာ တွေနဲ့တိုင်ပင်ပြီးချုပ်တယ်။ သေနတ် ပစ်တာဝါသနာ ပါတယ်။ ထူးချွန်တဲ့ ကောင်မလေးအဖြစ်သရုပ်ဆောင်ရ မှာပါ။

Q. အရင်ကရော ဒီလိုဇာတ် ရုပ်မျိုးကို သရုပ်ဆောင် ဖူးပါလား။
A. မရှိပါဘူး။ သေနတ်ပစ်တာ နဲ့ပတ်သက်လို့ ဂျာနယ် တစ်စောင်မှာ Sea Games အတွက် ရိုက်ပေးဖူး တာပဲရှိတယ်။ ခုလို ပြောင်းရှည်တဲ့ သေနတ်ကြီး တွေနဲ့တော့ မရိုက်ဖူး ဘူး။ ခုသေနတ်တွေက နည်းနည်း တော့လေးတယ်။ ဒီသေနတ်ကို အမြဲလေ့ကျင့်နေတဲ့ သူတွေလောက်ပဲ ပိုင်ပိုင်နိုင်နိုင် ကိုင်နိုင်မယ် ထင်တယ်။
Q. အေးမြတ်သူပိန် သွားတယ်။ ဒီဇာတ်ကားရိုက်ဖို့အတွက် Body Weight အသေအချာ ထိန်းထား တာလား။

A. အဲဒီလိုတော့ မဟုတ်ပါဘူး။ ဥက္ကာက အေးမြတ်သူပိန် သွားတယ် ဆိုတော့ စကားမရှိတာနဲ့ ဒီကားအ တွက် ဝိတ်ချထားတာလို့ ပြောလိုက် တာပါ။ အေးမြတ်သူက Action ကား ကောင်းကောင်းလေးတွေ ရိုက် ချင်ပါသေးတယ်။
Q. အေးမြတ်သူ ဟိုတလော က ကိုရီးယား သွားခဲ့သေး တယ်နော်။ ဘယ်လို အတွေ့အကြုံတွေ ရခဲ့လဲ။
A. အဓိကက အေးမြတ်သူ သွားခဲ့တာ Cosmetics ပစ္စည်းတစ် ခုရဲ့ Promotion ပွဲကိုသွားခဲ့တာ ပေါ့။ အဲဒီမှာ Skin Care နဲ့ပတ် သက်တာတွေ အတွက် သွားခဲ့တာ။ အေးမြတ်သူ ကတော့ ကိုရီးယားကို မရောက်ဘူးလို့သွားခဲ့တာပါ။ အမှန် အတိုင်းပြောရရင် ကျွန်တော်ကိုရီး ယားကို ဂျပန်လောက်မကြိုက်ဘူး။ ကိုရီးယားမှာ လည်စရာဆိုလို့ နန်း တွင်းနဲ့ ဟန်မြစ်နဲ့ Soul Tower ပဲ ရှိတယ်။ ဂျပန်မှာ Fuji တောင်ရှိ တယ်။ ကမာကူရဘုရားရှိတယ်။ လူ နေမှုပုံစံကအစဂျပန်ကိုပိုကြိုက်တယ်။ ကိုရီးယားက မရောက်ဖူးတဲ့နေရာမို့ ရောက်ဖူးချင်တာပဲရှိတယ်။ အဲဒီအ တွက်ခေါ်သွားပေးတဲ့ ဦးမျိုးမင်းကို ကျေးဇူးတင်တယ်။ ကျွန်တော်သွား တဲ့အချိန်က ကံကောင်းတယ်ပြော ရမယ်။ အရမ်းမအေးဘူး။ ပူတာမှ ရန်ကုန်မှာပူသလိုပဲပူတာဆိုတော့ အရမ်းအေးတဲ့ feeling မခံစားခဲ့ရ ဘူး။ သူတို့ဆီမှာ မြေပြန့်ရှားတယ်။ အိမ်လေးတွေကလည်းတောင်စောင်း လေးတွေမှာများတယ်။ အဲဒါလေး တွေတော့ သဘောကျတယ်။
Q. အေးမြတ်သူက ကျွန်တော် အသက်ကြီးပြီလို့ပြောတယ်နော်။ အသက်ကြီးတယ်၊ ငယ်တယ်ဆိုတဲ့ အပေါ်အေးမြတ်သူအမြင်က...
A. ကျွန်တော်ကတော့ တ ဖြည်းဖြည်း အသက်ကြီးလာတာကို ကြိုက်တယ်။ အသက်ငယ်ငယ်တုန်း ကမရဘူးတဲ့အတွေ့အကြုံ ရင့်ကျက် မှု၊ စိတ်ခံစားမှု၊ ဆုံးဖြတ်ချက်တွေက ခုမှရတာလေ။ ငယ်ချင်တာက ကိုယ့် ထက်ငယ်တဲ့လူတွေနဲ့ ပေါင်းပြီးပျော် အောင်နေလို့ရတယ်။ ကျွန်တော်က အသက်ကြီးတဲ့လူတွေဆီကရင့်ကျက် တဲ့အတွေးအခေါ်တွေကို သဘော ကျတယ်။ ခုလက်ရှိ ကျွန်တော့်အ သက်အရွယ်ကိုလည်း ကျွန်တော် လက်ခံနိုင်ပါတယ်။
Q. အေးမြတ်သူ အချစ်ရေးက ရောအေးဆေးပဲလား။
A. ကျွန်တော့်အချစ်ရေးကို တကူးတကပြောရလောက်အောင် ကျွန်တော့်မှာမရှိဘူးဗျ။ ပြီးတော့ ကျွန်တော်ခုအသက်ကြီးလာတာနဲ့အမျှ အချစ်ရေးပြောရမှာ ကျွန်တော်ရှက် တတ်လာတယ်။ ချစ်သူရှိတယ်။ ချစ် သူနဲ့စိတ်ကောက်နေတယ်။ ရန်ဖြစ် နေတယ်။ ချစ်သူမရှိတော့ဘူး။ မရှိ သေးပါဘူး။ အဲဒီလိုတွေ ပြောရမှာ မပြောချင်ဘူး။ ကျွန်တော်ရှက် တယ်။ ကျွန်တော်ဘယ်လိုအလုပ် တွေ လုပ်နေတယ်။ ဒီထက်ကိုပိုကြိုး စားဖို့ ဘာတွေလိုအပ်နေတယ်။ အဲ ဒါမျိုးတွေရယ်။ ကျွန်တော်လုပ်တဲ့ အလုပ်တွေ အကြောင်းပဲပြောချင် တယ်။ ပရိသတ်ကို အဲဒါတွေပြော ပြရတာပိုပျော်တယ်။ ကိုယ့်အလုပ် နဲ့ပတ်သက်တာတွေ ပြောပြရတာကို ပိုဂုဏ်ယူတယ်။
Q. ရုပ်ရှင်ဇာတ်ကားကြီးလက် ခံထားတာ ရှိသေးလား။
A. လောလောဆယ်မရှိသေး ပါဘူး။
Q. အေးမြတ်သူ ပရိသတ်ကို ရောဘာတွေ ပြောချင်သေးလဲ။
A. အေးမြတ်သူကြိုးစား နေပါ တယ်။ ဒီရက်ပိုင်းမှာ ကျွန်တော့် ဇာတ်ကားတွေ ထွက်တာကျဲတယ် လို့ပရိသတ်ဆီက ကြားရပါတယ်။ တကယ်လည်းကားထွက်ကကျဲပါ တယ်။
myanmaspectrum.com
No comments:
Post a Comment