မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Thursday, December 12, 2013

အကယ်ဒမီဆု လူကို ကြည့်မပေးဘဲ အနုပညာကို ဦးတည် ပေးသင့်တယ် ဆိုတဲ့ ဇာဂနာ


 အကယ်ဒမီဆုပေးရာတွင် လူကို ကြည့်မပေးဘဲ အနုပညာ ကို ဦးတည် ပေးသင့်ကြောင်း ဇာဂနာက ပြောသည်။
”အကယ်ဒမီ စာရင်းဝင်ပြီ ဆိုရင် အဲဒီဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်တဲ့ အနုပညာရှင်တွေက ဘယ်သူဘယ်ဝါ ရနိုင်လဲ၊ ပရိသတ်တွေ စိတ်ဝင်စားခံရ တဲ့အခါမှာ ယနေ့ ဆိုရင် ဖြစ်ပျက်တဲ့ ပြဿနာ တစ်ခုမှာ တစ်ပြေးတဲ့ မင်းသမီး နှစ်ယောက်ရဲ့ ပြဿနာပဲ။ ကျွန်တော် တစ်ယောက်တည်း အမြင်ပြောပါ ဆိုရင် တော့ လူကို ကြည့် မပေးတာ အကောင်းဆုံးပါ။ နိုင်ငံတကာ မှာလည်း အနုပညာ ကိုပဲ ဦးတည်ပေးတယ်။ သေချာတာက အနုပညာ တစ်ခုနဲ့ပဲ ပေးသင့်တယ်လို့ သုံးသပ်မိတယ်” ဟု ၄င်းကဆက်ပြော သည်။
၂ဝ၁၂ ခုနှစ် အတွက် မြန်မာ့ရုပ် ရှင်ထူးချွန်ဆု ချီးမြှင့်ခြင်းနှင့် အကျုံးဝင် သည့် ရုံတင် ပြသခဲ့ပြီးသော ရုပ်ရှင် ဇာတ်ကား များသည် အများဆုံးမှာ ဟာသ ဇာတ်ကားဖြစ် သည်ကို တွေ့ရကြောင်း ဇာဂနာက ပြောသည်။
”ကျွန်တော်က ရုံတင်ကားတစ် ကားမှ မကြည့်ဖူးဘူး။
ဒါပေမဲ့ ပြောသံ တွေတော့ အမြဲ ကြားရတယ်။ ဟာသ ကားများတယ်။ ဒါက ဈေးကွက် ဖြစ်တာ ကိုး။ ပရိသတ်တွေ အကြိုက် ကလည်း ဟာသပဲ။ ဘာကြောင့်လဲ ဆိုတော့ သူတို့ တွေရဲ့ အမောတွေကို ခဏလေး ဖြစ်ဖြစ် ပြေပျောက်စေတယ်လေ။ ဒါက ဈေး ကွက် နဲ့ ပတ်သက် တာကိုး”ဟု ဇာဂနာ က ပြောသည်။
ဒါရိုက်တာ ပန်းချီစိုးမိုး က ”ဈေး ကွက်က ဟာသဈေးကွက်ဖြစ်ပေမယ့် ဒရမ်မာ ဇာတ်ကားတွေ ထွက်လာပါ တယ်။ ဟာသ ဆိုတာလည်း မလွယ် ဘူး” ဟု ပြောသည်။
”ပြည့်တန်ဆာခန်းမှာ သရုပ်ဆောင်တာ တော်တယ်။ ဒါပေမဲ့ ကျောင်းဆရာမ အခန်းက သရုပ်ဆောင်တဲ့ သူက လည်းတော်တယ်။ ဒီလိုဆိုရင် လူအများ အကျိုးပြုတာ ကို ကြည့်ပြီး ရွေးရတော့မယ်။ ပရိသတ် ဆိုတာ အနုပညာရှင်တွေ ရဲ့ လုပ်ရပ်ကိုကြည့်ပြီး အတုခိုးတယ်။ ဒီလိုဆို ဘယ်သူ့ကို ရွေးသင့်လဲ။ တော် တဲ့လူအများ အကျိုးပြုတဲ့ လူကို ရွေးသင့်တယ်။ သရုပ်ဆောင် မတော်ဘူး။ မပီ ပြင်ဘူး။ ဒါပေမဲ့ အများ အကျိုးပြု အခန်းမှာ သရုပ်ဆောင် ရတယ်။ ဒီလို ဆိုရင်တော့ သတိထားရမယ်”ဟု ၄င်း က ဆက်ပြောသည်။
ဒါရိုက်တာ အိအိခိုင် ကလည်း ”ဒီကားတွေ ရိုက်ထားတာ အနည်းဆုံး နှစ်နှစ်လောက် ကြာပြီးမှ ရုံတင်ကြတယ်။ လူဆိုတာ ဘယ်မှာ ပဲဖြစ်ဖြစ်၊ ဘာပဲ လုပ်လုပ် အမြတ် လိုချင်ကြတာပဲလေ။ ငွေလိုချင်တဲ့ လူတွေ များနေလို့ ဖြစ်မှာ ပေါ့။ အခုလောလောဆယ် မှာ ဒါကို လူကြိုက်များလို့ လိုက်ရိုက်ကြတာ။ ဒါ လည်း ဈေးကွက်ပဲလေ” ဟု ဒါရိုက်တာ အိအိခိုင်က ပြောသည်။
”အနုပညာ မြောက်ပြီး အနုပညာ ကျန်ခဲ့တဲ့ ဇာတ်ကားတွေ လည်း ဒီနှစ်မှာ ရှိပါတယ်။ အကယ်ဒမီ ဇာတ်ကား အကယ်ဒမီ မင်းသား၊ မင်းသမီးဆိုတာ အရည်အချင်းပြည့် ဝပြီး ထိုက်တန်ရင် ပေးသင့်တယ်။ ကျန်တာက အရေးမပါ ဘူး။ သူ့ အရည်အချင်း၊ ဇာတ်ကောင် စရိုက် ပီပြင်ရင် ပေးသင့်တယ်။ သရုပ် ဆောင် အတတ်ပညာ တစ်ခုမှာ ဟာသ ဆိုတာလည်း မလွယ်ကူသလို ဒရမ်မာ စစ်စစ်ဆိုတာလည်း မလွယ်ကူပါဘူး”ဟု ဒါရိုက်တာ အိအိခိုင်က ဆက်ပြောသည်။
အကယ်ဒမီ စာရင်းဝင် ဇာတ်ကား ၁၇ ကားကို သြဂုတ်လ တွင် စတင် စိစစ် ရွေးချယ်ပြီး ဖိုင်နယ် အပြီးမှ ခုနစ်ကား ရွေးချယ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဇာတ်ကား ခုနစ်ကားမှာ လက်ပံ၊ မော်ကင်း ဥဒါန်း၊ ဥ၊ ကယန်း အလှ၊ တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ၊ အမုန်း မီးတောက်နှင့် အမွေခံထိုက်သူ ဖြစ်ပါစေ ဇာတ်ကား တို့ဖြစ်ကြောင်း သိရသည်။
ထူးထူး

popularmyanmar


No comments:

 Blogger

Myanmar CNN