ရီဗိုက်တယ် ကိုရီးယား ဂျင်ဆင်း အားဆေး
ကုမ္ပဏီအနေဖြင့် ကျန်းမာရေး၊ ပညာရေး အပိုင်းများကို ပါဝင် ကူညီဆောင်ရွက်ရန်
စီစဉ်နေသည့် အချိန်၌ ကျန်းမာရေး အပိုင်း တွင် ဆေးကုမ္ပဏီ တစ်ခုဖြစ်နေသည့်
အတွက် ဆေးရုံ၊ ဆေးခန်း များတွင် လိုအပ်သည့် လိုအပ်မှုများကို လုပ်
ပေးဖြစ်ကြောင်း သိရသည်။
ထို့ ကြောင့်လည်း ရီဗိုက်တယ် အားဆေး
ကုမ္ပဏီမှ ဌာနမှူး ဒေါက်တာအေးမြသက် ကို ပြေတီဦး ပညာရေး ဖောင်ဒေးရှင်းနှင့်
ပူးပေါင်း လက်တွဲဖြစ်ခဲ့ ခြင်းနှင့် ပတ်သက် ပြီးမေးမြန်းကြည့်ရာ..
“ကျန်းမာရေး အပိုင်းမှာ အစ်မ တို့က
လှူဒါန်း ဖြစ်တယ်လေ။ ပညာရေး နဲ့ ပတ်သက်လို့ အစ်မတို့ လုပ်မယ် လို့
စဉ်းစားလိုက်တဲ့ အချိန် မှာ ပြေတီဦး ပညာရေးဖောင်ဒေး ရှင်း နဲ့ ပတ်သက်ပြီး
ကြားသိလိုက်ရတယ်။ အဲ့ဒါကြောင့် အစ်မတို့က ၂ဝ၁၂ ခုနှစ်၊ သြဂုတ်လ
ကနေစပြီးတော့ မြန်မာ တစ်နိုင်ငံလုံး မှာ လစဉ်ရောင်း ရတဲ့ ရီဗိုက်တယ် အားဆေး
ဘူးတိုင်း၊ ဘူးတိုင်း ကနေပြီးတော့မှ ပိုက်ဆံ သီးသန့် ဖယ်ပြီးတော့ ပြေတီဦး
ဖောင်ဒေးရှင်း ကိုလတိုင်း လှူဖြစ်ခဲ့ တာပါ။
ဆေးကျောင်းသားတွေ ရဲ့ ပညာရေး
အတွက် ကို အထောက် အကူပေးနိုင်တယ်။ နောက် အစ်မ တို့ယုံကြည်တာက အခု
ဆရာဝန်ဖြစ် လာမယ့် သူတွေဟာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး လုပ်ငန်းတွေ မှာ
တစ်တပ် တစ်အား ပါဝင်နိုင်လိမ့်မယ်။ အဲဒီလို ယုံကြည်တဲ့ အတွက် ဒီလုပ်ငန်းကို
လုပ်ဖြစ်တာပါ။ ဘာဖြစ်လို့ လဲဆိုတော့ ပညာတော် ပေမယ့်လည်း
လိုအပ်ချက်ရှိနေတဲ့ အတွက် သူတို့ရဲ့ ပညာရေး ခရီးလမ်းမှာ အနှောင့်အယှက်လေး
ဖြစ်မှာ စိုးတဲ့အတွက် ဒီလိုလေး လုပ်ဖြစ်ခဲ့တာပါ” ဟု ပြောပြသည်။
ပြေတီဦး ပညာရေး ဖောင်ဒေးရှင်းနှင့်
ရီဗိုက်တယ်တို့ နောက်ထပ် ဘယ်လိုပုံစံမျိုးနဲ့ ထပ်မံ လုပ်ဆောင်သွားဖို့
လုပ်ငန်းစဉ် အချို့ကို ဆွေးနွေး တိုင်ပင်ထား တာရှိပါ သလား လို့
မေးကြည့်ရာ..
“အစ်မတို့ အနေနဲ့တော့ အခု လောလောဆယ်မှာ
ဆေးကျောင်း သူ၊ ကျောင်းသားတွေ တင်မကဘဲနဲ့ ဒီနှစ်မှာ နည်းပညာ အင်ဂျင်နီယာ
ကျောင်းသားတွေ အတွက်ပါ လုပ်ပေး လာတော့ အစ်မတို့ အတော်လေးကို
ဝမ်းသာနေပါတယ်။ အစ်မတို့ ဘက် ကလည်း တတ်နိုင်တဲ့ ဘက်က ပံ့ပိုး ပေးလို့
ရနိုင်အောင် အမြဲတမ်း ဆွေးနွေးပြီးတော့ လုပ်ဆောင်နေပါတယ်။ ပြေတီဦး
ဖောင်ဒေးရှင်းက ရည်ရွယ်ချက် တအားကောင်းပါတယ်။ လုပ်ဆောင်တဲ့ နေရာမှာ လည်း
စနစ်တကျ ရှိပါတယ်။ ရန်ပုံငွေတွေ ကို ကျောင်းသားတွေ ဆီ အသေအချာ ပေးတယ်။
ကြိုးစားနေ တဲ့ အဖွဲ့အစည်းဖြစ်တဲ့ အတွက် လည်း ရီဗိုက်တယ် အနေနဲ့
ပေါင်းစည်းပြီး လူမှု အကျိုးပြုလုပ်နေ ရတာကို ဝမ်း သာမိတယ်” ဟု ဒေါက်တာ
အေးမြ သက်က ပြောပြခဲ့သည်။
ထက်လူလူ
popularmyanmar
No comments:
Post a Comment