ကျောင်းသား၊ ကျောင်းသူငယ်လေးတွေ အတွက်တော့ ကြောက်ရွံ့ထိတ်လန့်စရာ
အခါသမယပါပဲ။ လုံးဝအတိ နေကောင်းတဲ့ ခြင်္သေ့စာ ကျွေးဖို့အတွက် Marius အမည်ရှိ
သစ်ကုလားအုပ်တစ်ကောင်ဟာ ကလေးအုပ်ရှေ့မှာပဲ အပိုင်းပိုင်းခုတ်ခံခဲ့ရပါတယ်။
၂နှစ်သား သစ်ကုလားအုပ်လေး Marius ကို ကယ်ဆယ်ဖို့အတွက် လူ ၂၀၀၀၀ ကျော်ဟာ
အွန်လိုင်းကနေ အသနားခံစာမှာ လက်မှတ်ရေးထိုးခဲ့ကြပေမဲ့ ဒိန်းမတ်နိုင်ငံ၊
Copenhagen ဆိပ်ကမ်းမြို့ တိရိစ္ဆာန်ရုံ ၀န်ထမ်းဟာ ၀က်အူသေနတ်နဲ့ Mariusကို
ပစ်သတ်ခဲ့ပါတယ်။ ပြီးတော့ ကလေးငယ်တွေရဲ့ တစ်တောင်အကွာလောက်မှာပဲ Marius
ကို ခြင်္သေ့စာမကျွေးခင် ပိုင်းဖြတ်ခဲ့ပါတော့တယ်။
သားပေါက်နှုန်း များသွားတာကို တိုက်ဖျက်ဖို့ဆို ဒီလိုလုပ်ဖို့
လိုအပ်ကြောင်းနဲ့ လူတွေရှေ့မှာ ခုလိုခွဲစိပ်ပြတာ ပညာပေးဖြစ်ကြောင်း
တိရိစ္ဆာန်ရုံက ပြောခဲ့ပါတယ်။ ဒါပေမဲ့ တိရိစ္ဆာန်အခွင့်အရေး လှုပ်ရှားသူတွေက
Marius ကိုသတ်ပစ်ခဲ့မှုအပေါ် ပြစ်တင်ပြောဆိုခဲ့ပြီး ဥရောပရဲ့ ထိပ်တန်း
တိရိစ္ဆာန်ရုံတစ်ခု အနေနဲ့ ဒီလိုလုပ်တာဟာ ရက်စက်ရာရောက်လွန်းတယ်လို့
ပြောဆိုခဲ့ကြပါတယ်။
Ref:dailymail.co.uk
Trend Myanmar



No comments:
Post a Comment