မိုးကုတ်ရွှေဆိုင် ဓားပြမှုနှင့်ပတ်သက်၍ မသင်္ကာသူနှစ်ဦးကို
ဖမ်းဆီးစစ်ဆေးနေပြီး အမှုဖော်ထုတ်နိုင်ရန် နီးစပ်နေပြီဟု
မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ ဒုတိယရဲမှူးကြီး ဇော်မင်းဦးက
ပြောသည်။
““မသင်္ကာသူ နှစ်ယောက်ကို စစ်ဆေးနေပါတယ်။ သက်သေခံ တွေတော့ မရသေးပါဘူး။ တစ်
ယောက်က ၀န်ခံတယ်။ တစ် ယောက်ငြင်းနေပါတယ်”” ဟု ဒုတိယရဲမှူးကြီး ဇော်မင်းဦးက
ပြောသည်။
မသင်္ကာသူနှစ်ဦးကို ဖေဖော်ဝါရီ ၂ ရက်မှ စတင်ကာ မိုးကုတ်ရဲစခန်းတွင်
ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ပြီး တိုင်းရင်းသားများမဟုတ်ဘဲ
ဗမာလူမျိုးများဖြစ်ကြောင်း၊ တစ်ဦးကို တစ်နိုင်းရွှေမှော်ဘက်မှ
ဖမ်းမိခြင်းဖြစ်ပြီး ကျန်တစ်ဦးမှာ မိုးကုတ်ဒေသခံဖြစ်ကြောင်း
မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်သည်။
““မြို့ခံသက်သေတွေပါ ခေါ်ယူစစ်ဆေးနေပါတယ်။ ခိုင်မာသေချာအောင် လုပ်နေပါတယ်။
အမှုကို ဖော်ထုတ်နိုင်ဖို့တော့ နီးစပ်လာပါပြီ”” ဟု မိုးကုတ်မြို့မ ရဲစခန်းမှ
ဒု-ရဲအုပ် မင်းအားမာန်စိုးက ပြောသည်။
လက်ရှိအချိန်တွင် သက်သေတစ်စုံတစ်ရာ မတွေ့ရှိရသေးသည့်အတွက်
လွဲချော်မှုများမဖြစ်စေရန် ကိုင်တွယ်စစ်ဆေးနေသည်ဟု ဒုတိယရဲမှူးကြီး
ဇော်မင်းဦးကလည်း ပြောသည်။
ဇန်န၀ါရီ ၂၁ ရက် နေ့လယ်ပိုင်းက မိုးကုတ်မြို့ အောင်ချမ်းသာဈေးအတွင်းရှိ
မီလျံရွှေဆိုင်နှင့် နဂါးရွှေဆိုင် နှစ်ဆိုင်အား နေ့ လယ် ၂ နာရီက
ဆိုင်ကယ်စီးလာသူခြောက်ဦးမှ လက်လုပ် ပစ္စတိုသေနတ်များဖြင့်
ဝင်ရောက်ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်။ ၎င်းရွှေဆိုင်နှစ်ဆိုင်မှ ရွှေနှင့်
လက်ဝတ်ရတနာပစ္စည်း စုစုပေါင်း ခြောက်ပိဿာခန့် ပါသွားပြီး ဓားပြတိုက်သူများ၏
ပစ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် တရားခံများ ဖော်ထုတ်နိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။
Author: မောင်တာ
7 Day Daily
No comments:
Post a Comment