မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Wednesday, February 5, 2014

အိပ်ပျော်နေစဉ် ပစ္စည်းများခိုးယူသွားသူအား ဖော်ထုတ်ဖမ်းဆီးရမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

၃.၂.၂၀၁၄ ရက်နေ့ ၁၉၁၅ အချိန် ဗိုလ်တထောင်မြို့နယ်နေ ကိုတေဇာထက်အောင်သည် ခရီးသွားနေသော ကမာရွတ်မြို့နယ်ရှိ အဒေါ်ဖြစ်သူ၏နေအိမ်သို့ အိမ်စောင့်သွားရန်အတွက် ဗိုလ်တထောင်မြို့နယ်၊ လင်းစဒေါင်းကားမှတ်တိုင်၌ကားစောင့်နေစဉ် အသက်(၂၀)နှစ်ခန့်ရှိ အမည်မသိအမျိုးသားတစ်ဦးနှင့်ခင်မင်ခဲ့ပြီး ၎င်းလူငယ်မှာလည်း ကမာရွတ်မြို့နယ်သို့သွားမည်ဖြစ်ကြောင်းပြောပြ သိရှိရသဖြင့် လိုင်ကားစီးကာ အတူသွားခဲ့ကြကြောင်း၊

ဗဟိုလမ်း၊
ပြည်ရိပ်မွန် ကားမှတ်တိုင်အရောက်တွင် ကိုတေဇာထက်အောင်မှာ
သွေးတိုးရောဂါဖြင့်ခေါင်းမူးလာ၍ ၎င်းလူငယ်မှ အဒေါ်ဖြစ်သူ၏နေအိမ်သို့ လိုက်ပို့ပေးခဲ့ပြီး ကိုတေဇာထက်အောင်မှာ အိပ်ပျော်သွားခဲ့ကြောင်း၊
၀၀၃၀ အချိန်ခန့် အိပ်ယာမှနိုးစဉ် ၎င်းဝတ်ဆင်ထားသော မောင်းကွင်း လက်စွပ်(၂)ကွင်း၊ လက်ပတ်နာရီ(၁)လုံး၊ SAMSUNG Galaxy S4 ဖုန်း (၁)လုံး၊ ငွေကျပ်(၅၀၀၀၀)၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၇၁၀၀၀၀)ခန့်မှာ
ပျောက်ဆုံးနေသည်ကိုတွေ့ရသောကြောင့် ခိုးယူသွားသူအား စုံစမ်း အရေးယူပေးရန်တိုင်တန်းသဖြင့် ကမာရွတ်မြို့မရဲစခန်း (ပ)၆၃/၂၀၁၄၊
ပုဒ်မ ၃၈၀ ဖြင့်အမှုဖွင့်ကာ စုံးစမ်းဖော်ထုတ်ခဲ့ပါသည်။

ကမာရွတ်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် အမှုမှတရားခံအားစုံစမ်း
ဆောင်ရွက်စဉ် ကိုတေဇာထက်အောင်အား အဒေါ်ဖြစ်သူ၏နေအိမ်သို့ လိုက်ပို့ပေးခဲ့သည့်လူငယ်ကို ကမာရွတ်မြို့နယ်၊ ဘုရင့်နောင်လမ်းတွင် အမှုမှပါဆုံးပစ္စည်းများနှင့်အတူတွေ့ရှိခဲ့ပါသည်။

၎င်းအားစစ်မေးရာ ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်နေသူ သန့်ဇင် (ဘ)ဦးရဲနိုင်ဖြစ်ပြီး အဆိုပါပြစ်မှုအား ကျူးလွန်ခဲ့ကြောင်းပေါ်ပေါက်သဖြင့် သက်သေခံပစ္စည်းများပြန်လည်သိမ်းဆည်းကာ အမှုဖြင့်ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Myawady News




No comments:

 Blogger

Myanmar CNN