မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Wednesday, February 5, 2014

ဇနီးနဲ့ ဖောက်ပြန်နေကြတယ်လို့ဆိုကာ သ၀န်တိုပြီး လူ ၆ ဦးတိတိကို သတ်ခဲ့တဲ့ လူသတ်သမားကိုရဲဖမ်း

တရုတ်ရဲတပ်ဖွဲ့သည် သဝန်တိုမှုကြောင့် လူ(၆)ဦးကို သတ်ခဲ့သည်ဟု ယူဆရသူ တစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။ တရုတ်နိုင်ငံ တောင်ပိုင်းတွင် ပြီးခဲ့သည့် သီတင်းပတ်က လူ(၆)ဦး သေနတ်နှင့် ပစ်သတ်ခြင်း ခံခဲ့ရသည့်နောက် သံသယ တရားခံကို ရဲများက လိုက်လံ ရှာဖွေခဲ့သည်။ ယခုသီတင်းပတ် အစောပိုင်းတွင်မူ ရှိုဇွန်ကွီကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ၎င်းသည် လူ(၉)ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး (၆)ဦးသေစေခဲ့မှုအတွက် စွပ်စွဲခံနေရသည်။

သားကောင် ဖြစ်ခဲ့သူများအနက် (၂)ဦးမှာ ရှို၏ ဇနီးနှင့် ဖောက်ပြန်နေသူဟု ရှိုက သံသယပွားခြင်း ခံနေရသူများ ဖြစ်ကြသည်။ ထို့အပြင် ၎င်းတို့၏ ဇနီး(၂)ဦး၊ ကလေးများနှင့် ထိုသူ(၂)ဦးအနက် (၁)ဦး၏ ဖခင်တို့သည်လည်း ရှို၏ ပစ်ခတ်ခြင်းကို ခံခဲ့သည်။ ရှို၏ဇနီးနှင့် ဖောက်ပြန်ကြောင်း သံသယမကင်း အဖြစ်ခံရသူ (၂)ဦးအနက် (၁)ဦးနှင့် ၎င်း၏ ကလေးငယ် (၂)ဦးတို့မှာမူ အသက်ရှင်ခွင့် ရခဲ့ပြီး ကျန်(၆)ဦး သေဆုံးသွားခဲ့သည်။


သောကြာနေ့က တရုတ်နိုင်ငံတွင် နှစ်သစ်ကူးပွဲတော် ဆင်နွှဲနေချိန်တွင် ယင်းကဲ့သို့ လူသတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယူနန်ပြည်နယ် တန်ချန်းတွင် ဖြစ်ပွားခဲ့သော အနိဋ္ဌာရုံ ကိစ္စကို တရုတ်မီဒီယာများက အလေးအနက် ဖော်ပြခဲ့ပြီးနောက် ရက်ပိုင်းအတွင်း ရဲများက သံသယ တရားခံကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ ရှိုသည် ဆီမီးအော်တိုမက်တစ် ရိုင်ဖယ်တစ်လက်ဖြင့် လူသတ်မှုများ ကျူးလွန်ခဲ့ခြင်းဟု ယူဆရပြီး ၎င်းကို တနင်္လာနေ့ မွန်းလွဲပိုင်းတွင် လက်ရဖမ်းမိနိုင်ခဲ့သည်။
By Planet

No comments:

 Blogger

Myanmar CNN