ဗေဒင်ဟောခန်းဆိုတာ လူပေါင်းစုံ ကိစ္စအမျိုးမျိုးနဲ့ ရောက်လာလေ့ရှိတဲ့ နေရာဌာ နပါပဲ။ဗမာတွေမှ မဟုတ်ပါဘူး။ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားတွေ ရောက်လာလေ့ရှိသလို ဘာသာ ခြားတွေလည်း ရောက်လာလေ့ ရှိပါတယ်။တစ်နေ့မှာတော့ ကျွန်တော့်ရဲ့ဗေဒင်ဟောခန်းကို မာရီးမားလို့ခေါ်တဲ့ ဟိန္ဒူအမျိုးသားတစ်ဦး ရောက်လာပါတယ်။ သူတို့မိသားစုက ပုလင်းတွေ၊ ဒန်အိုးဒန်ခွက်တွေ၊ သြွံကပ်ပစ္စည်းတွေ ဝယ်တဲ့ ရောင်းတဲ့လုပ်ငန်း လုပ်ကြပါတယ်။ မာရီးမားက -
" ဆရာရေ ...အရောင်းအဝယ်ကလည်း အပြိုင်အဆိုင်တွေများပြီး သိပ်မကောင်းလှဘူး။ သမီးလေးကလည်း ဆယ်တန်းကို ရောက်နေပြီဆိုတော့ ပညာရေးက အရေးကြီးတယ် ...၊
အဲဒီကိစ္စလေး တွေအတွက် ကူညီပါဦး ..." လို့ ပြောလာပါတယ်။ ကျွန်တော်လည်း သူ့ရဲ့အသက်ကို တွက်ကြည့်တော့ သုံးတန်ပေါ်နိစ်ပညာမှာ ၅-၆-၇ တိုင်လို့ခေါ်တဲ့ ဗုဒ္ဓဟူးသက်ရောက်ဖြစ်နေပါတယ်။ အဲဒီတိုင်မျိုးမှာ မယ်တော်တွေ စောင့်ရှောက်တယ်လို့ အဟောထုတ်နိင်ပါတယ်။ ဒါကြောင့် ကျွန်တော်က သူ့ကို ကိစ္စအလိုက် မယ်တော်တွေကို လှူဒါန်းဆုတောင်းတဲ့ယတြာတွေကို ပြောပြလိုက် ရပါတယ်။
အဲဒီယတြာတွေနဲ့ မာရီးမားတို့လည်း တော်တော့်ကို အဆင်ပြေသွားကြတယ်လို့ သိရပါတယ်။ စာရှုသူတွေထဲမှာလည်း မိမိတို့ရဲ့ကိစ္စအလိုက်၊ မယ်တော်တွေဆီမှာ ဆုတောင်းချင်တယ်ဆိုရင်-
၁။ စီးပွားရေးကိစ္စ၊ အရောင်းအဝယ်ကိစ္စတွေ အတွက် လက်ခ်ျမီးမယ်တော်ဆီမှာ တိုင်တည်ဆု တောင်းပါ။
၂။ တရားရုံးကိစ္စ၊ အမှုအခင်းကိစ္စဆိုရင် မနုစာရီမယ်တော်ဆီမှာ တိုင်တည်ဆုတောင်းပါ။
၃။ ပညာရေးကိစ္စဆိုရင် သူရဿတီမယ်တော်ဆီမှာ တိုင်တည်ဆုတောင်းပါ။
၎။ အတိုက်အခံကိစ္စ၊ အကာအကွယ်ကိစ္စဆိုရင်တော့ ကာလီမာန်မယ်တော်ဆီမှာ တိုင်တည်ဆု တောင်းပါ။
မယ်တော်တွေကို လှူဒါန်းပူဇော်နည်းကတော့ ခုံလေးတစ်လုံးပေါ်မှာ လင်ပန်းတစ်ချပ်ချပြီး အဲဒီလင်ပန်းထဲမှာ ငှက်ပျောနှစ်ဖီး၊ အုန်းသီးနှစ်ခြမ်း၊ ဖယောင်းတိုင်တစ်တိုင်၊ အမွှေးတိုင်တစ်တိုင်၊ ဒိန်ချဉ်တစ်ခွက်ထည့်ပြီး လှူဒါန်းနိုင်ပါကြောင်း။
No comments:
Post a Comment