၃.၂.၂၀၁၄ ရက်နေ့ ၁၅၁၅ အချိန်တွင် လှိုင်သာယာမြို့နယ်၊ သောင်ကြီး နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်၊ ကုလားကြီးစု
ကျေးရွာနေ
အမျိုးသားတစ်ဦးမှာ မိမိကိုယ်ကို ဓါးဖြင့်ခုတ်ခဲ့၍ ဦးခေါင်းတွင်
ဒဏ်ရာရရှိကာ အင်းစိန်ဆေးရုံတွင်ရောက်ရှိနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ
အဆိုပါရွာနေ ကိုကျော်ဇင်ဌေးတွင် ဦးခေါင်းနောက်စေ့၌
ပြတ်ရှဒဏ်ရာ(၁)ချက်ရရှိထားပြီး(စိုးရိမ်ရ)အခြေအနေရှိ
ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
ဖြစ်စဉ်အားစုံစမ်းရာ
ကိုကျော်ဇင်ဌေးသည် ယင်းနေ့ ၁၄၃၀ အချိန်ခန့်က အရက်သောက်စားမူးယစ်ပြီး
ဇနီးနှင့် သားသမီးများကိုဆဲဆိုသည့်ကိစ္စဖြင့် ဇနီးသည်နှင့်စကားများရာမှ
အိမ်သုံးဓါးမနှင့် ၎င်း၏ဦးခေါင်းကို ၎င်းကိုယ် တိုင် ပြန်လည်ခုတ်ခဲ့သဖြင့်
ဒဏ်ရာရရှိခြင်းဖြစ်ကြောင်းသိရှိရပါသည်။
ယင်းကဲသို့ မိမိကိုယ်ကိုသေကြောင်းကြံစည်သူ ကိုကျော်ဇင်ဌေးအား
သောင်ကြီးနယ်မြေရဲစခန်း (ပ)၇၅/၂၀၁၄၊ ပုဒ်မ ၃၀၉ ဖြင့်အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။
By ရဲဇာနည်
No comments:
Post a Comment