အခုနောက်ပိုင်း ရှိုးလေးတွေမှာ ဆိုလည်း ကိုနိုင်းဝမ်းနဲ့အတူတူ တွဲပြီးတော့ ဆိုဖြစ်နေပါတယ်။ ရှိုးသိပ်မဆိုဖြစ်တာက ဂေးဂေးမှာ ကိုယ်ပိုင်သီချင်းနည်းနေသေးတဲ့အတွက် ပရိသတ်တွေကလည်း သိပ်မသိကြသေးဘူး။ အဲဒီအခါကျတော့ ဂေးဂေးတစ်ယောက်တည်း စင်ပေါ်မှာဆိုရမယ်ဆိုရင် သိပ်အဆင်မပြေဘူးလေ။ တစ်ကိုယ်တော်အခွေအတွက် ပြင်ဆင်ဖို့ သီချင်းတွေစုနေတယ်။ ဒီနှစ်ထဲမှာပဲ လုပ်ဖြစ်ဖို့ ကြိုးစားနေပါတယ်။ သိပ်မကြာခင်မှာပဲ ပရိသတ်တွေရှေ့မှာ တစ်ကိုယ်တော်အခွေလေးကို ချပေးချင်ပါတယ်။’လို့ သူမက ဆိုပါတယ်။
သူမဟာ ဂီတလောကထဲ ရောက်မလာခင်ရော၊ ခုလက်ရှိပါ CB Bank မှာ တာဝန်ထမ်းဆောင်နေတဲ့ ၀န်းထမ်းတစ်ဦးပါ။ ‘ဂေးဂေးက အနုပညာအလုပ်တွေအပြင် တစ်ခြားအပြင်မှာ CB bankရဲ့International Banking Serviceမှာ အလုပ်လုပ်နေပါတယ်။ ကိုယ့်ကိုကိုယ်လည်း ဒီအနုပညာအလုပ်တွေပေါ်မှာ အားရကျေနပ်မှုမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နင်သာရှိရင်ဆိုတဲ့ သီချင်းကိုပဲ ပရိသတ်တွေက တအားသိတယ်။ ဂေးဂေးဆိုတာကို တွဲပြီးမသိကြသေးဘူး။ အဲဒီအတွက် ကိုယ့်ကိုကိုယ် ပရိသတ်တွေသိအောင်လို့ ကြိုးစားဖို့လိုသေးတယ်လို့ ပြောချင်ပါတယ်။
ပရိသတ်တွေကိုလည်း ဂေးဂေးနောက်ပိုင်းမှာ သီချင်းပိုင်းနဲ့ ပတ်သက်ပြီး ကြိုးစားပြီးတော့ လုပ်မယ်ပေါ့နော်။ နင်သာရှိရင်သီချင်းလိုပဲ တစ်ခြားဒီထက်ဒီထက်ပိုပြီးတော့ပဲ ပရိသတ်တွေ လက်ခံအောင်၊ ပရိသတ်တွေ အရမ်းကြိုက်အောင် ကြိုးစားထားပါတယ်။ အခုချိန်ထိလည်း ကိုယ့်ကိုယ်ကိုယ် ဂေးဂေးက သီချင်းဆိုပေမဲ့ အနုပညာရှင်စစ်စစ်ကြီးလည်း မဟုတ်သေးဘူးလေ။ ရိုးရိုးသာမာန်လူတစ်ယောက်လို့ပဲ ထင်မြင်မိပါသေးတယ်။ ဒီနင်သာရှိရင်ဆိုတဲ့ သီချင်းကိုဆိုလို့ အဆိုတော်ဖြစ်လာတာကိုလည်း အိပ်မက်လို့ပဲခံစားနေရသေးပါတယ်။’လို့ သူမက ဖွင့်ဟပြောပြသွားခဲ့ပါတယ်။
စန္ဒီ/
No comments:
Post a Comment