မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Monday, February 3, 2014

ထပ်ဆင့် အကယ်ဒမီ ဖြစ်သွားပေမယ့် အနုပညာကြေး ထပ်မယူပါဘူး ပြေတီဦး

ထပ်ဆင့် အကယ်ဒမီဖြစ်သွား တဲ့အတွက် ဘာတွေပြောင်းလဲသွား လဲဆိုတော့ ဘာမှမပြောင်းလဲပါ ဘူး။ ဒီအတိုင်းပါပဲ။ အကယ်ဒမီက နေ ထပ်ဆင့် အကယ်ဒမီဖြစ်သွား တယ်ဆိုတဲ့ အခေါ်အဝေါ် အသုံးအ နှုန်းလေးပဲ ပြောင်းလဲ သွားတာပါပဲ။ အနုပညာကြေး တက်ဖို့လည်း မရှိပါ ဘူး။ ကျွန်တော် ထပ်မတက်ပါဘူး။ လက်ပံစက် အဖွဲ့သားတွေကို မုန့်ဖိုး ဘယ်လိုကြောင့် ပေးဖြစ်သွားတာ လဲဆိုတော့ ဒီကား တစ်ကားလုံးကို ပုံဖော်တဲ့ အထဲမှာ ဒီစက်အဖွဲ့သား တွေက ပိုက်ဆံ ရတာလည်းအနည်း ဆုံး၊ ပြီးတော့ ပင်လည်း အရမ်းပင် ပန်းကြတယ်လေ။

ဒီလိုမျိုးအောင် မြင်မှုတစ်ခုရတဲ့ အခါမှာ သူတို့ကို လည်း ဂုဏ်ပြုပေးချင်တယ်။ ကျန် တဲ့လူတွေက သူ့ဟာနဲ့သူ အကုန်လုံး အဆင်ပြေကြတယ်လေ။ သူတို့တွေ ကျတော့ အမှတ်တရနဲ့ ကိုယ်ကတန် ဖိုးထားတယ်ဆိုတဲ့ ဟာမျိုးလေးလည်း သူတို့ကိုသိစေချင် တာကြောင့်မို့ တ မင်တကာကို လှူတဲ့ အဖွဲ့ဆယ်တစ် ဖွဲ့ထဲမှာ ဒီစက်မှုလုပ်သားအဖွဲ့ကိုပါ ထည့်ပြီးလှူလိုက်တာပါ။ နောက် ပိုင်း ဒီလိုဝင်ငွေနည်းတဲ့ စက်အဖွဲ့ တွေအတွက် ဘယ်လိုအစီအစဉ်မျိုး လုပ်ပေးသွားဖို့ ရှိလဲဆိုတာကိုတော့ ရုတ်တရက်ပြောဖို့ဆိုတာခက်တယ်။

ဒီအဖွဲ့အစည်း လိုက်အား လုံးပြုပြင် ပြောင်းလဲပြီး တိုးတက်လာမှပဲ သူတို့ ရဲ့ ဝင်ငွေတွေလည်းတက်လာမှာ။ အစ်ကိုတို့တစ်ဦးတစ်ယောက်တည်း အနေနဲ့ လုပ်ပေးဖို့ ဆိုတာလည်း ခက် တယ်လေ။ သိပ်ပြီးတော့ မလွယ်ကူ လှဘူး။ အစ်ကိုတို့ ကားတွေက နိုင်ငံ တကာကိုထိုးဖောက်လို့ရတဲ့ အဆင့် မျိုးတွေဖြစ်လာမယ်။ နိုင်ငံတကာမှာ ပြလို့ရမယ့် ဟာမျိုးတွေဖြစ်လာမယ် ဆိုရင် သူတို့တွေရဲ့ ဝင်ငွေတွေလည်း တက်လာမှာပါ။ အဓိကကတော့ တိုင်းပြည်ကောင်းဖို့ပဲ။ တိုင်းပြည်ကြီး ကစည်းစနစ်တကျနဲ့ ကောင်းမှရှိတဲ့ လူတန်းစားတွေ အားလုံးက အကုန် လုံးအဆင်ပြေကြမှာပါ။

No comments:

 Blogger

Myanmar CNN