ရုပ်ရှင်သရုပ်ဆောင် လင်းဇာနည် ဇော် ဆေးရုံပေါ်ကဆင်းပြီး အိမ်မှာ ကျန်းကျန်းမာမာ ရှိကြောင်း အစ်မ ဖြစ်သူ မချစ်ချစ်ဇော်က ပြောသည်။
သရုပ်ဆောင် လင်းဇာနည်ဇော် သည် ဇန်နဝါရီ ၁၉
ရက်နေ့ မှာ ယာဉ် တိုက်မှုဖြစ်ခဲ့၍ ၂ဝ ရက်နေ့မှာ ရွှေဂုံ တိုင် အထူးကု
ဆေးရုံမှာ ဆေးကုသ ခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ မှာ ဆေးရုံ ဆင်းခဲ့ကြောင်း
၎င်းအစ်မဖြစ် သူ မချစ်ချစ်ဇော် က ပြောသည်။
”မလင်းက တော်တော်လေး သက်သာ လာပါပြီ။ သိပ်
လှုပ်လှုပ်ရှား ရှား မလုပ်စေချင်လို့ အိပ်ရာပေါ်မှာ နားနားနေနေ
နေခိုင်းထားတယ်” ဟု မချစ်ချစ်ဇော်က ပြောသည်။
”မလင်းက အရိုးတွေ ထိခိုက် ထားတော့ နှစ်လလောက်တော့ နားရ မယ်”ဟု မချစ်ချစ်ဇော် ကပြောသည်။
”မလင်းက အနုပညာကို ချစ်တဲ့လူ ဆိုတော့
နေပြန်ကောင်းတာနဲ့ ပရိသတ်တွေ အတွက် သူ့ အနုပညာ တွေ ပြန်လုပ်မှာပါ” ဟု ၄င်း
အစ်မ ဖြစ်သူ မချစ်ချစ်ဇော် က ပြော သည်။
မလင်း ယာဉ်တိုက်မှုမဖြစ်ခင်မှာ
ရိုက်ထားလက်စ ဇာတ်ကားတွေရှိတယ်။ MRTV-4 ဇာတ်လမ်းတွဲလည်း ရိုက် ထားတယ်။
ရိုက်လက်စ ဇာတ်ကား တွေပဲ ဆိုတော့ မလင်း ကို နားလည် ကြမယ်လို့ မချစ်
ယုံကြည်တယ်” ဟု မချစ်ချစ်ဇော်က ပြောသည်။
လင်းဇာနည်ဇော်သည် ယခု အချိန်မှာ
ကျန်းမာရေး ကောင်းမွန် လာပြီး မိသားစုတွေနဲ့ အတူတူအိမ်မှာ အနားယူလျက်
ရှိပြီး ကျန်းမာရေး လုံးဝကောင်းမွန် လာပြီ ဆိုလျှင် အနု ပညာ အလုပ်တွေ
တောက်လျှောက် ပြန်လုပ်မယ် လို့ မချစ်ချစ်ဇော်က ပြောသည်။
ထူးထူး/popularmyanmar
No comments:
Post a Comment