ချစ်သုဝေ က ‘မီးအိမ် ကဗျာ’ တေးစီးရီးထဲက
‘ရောက်တဲ့ အရပ်က ဆက်သွယ်ပါ’ သီချင်းကို ကိုယ်တိုင် ဒါရိုက် တာလုပ်ပြီး
နေတိုးနဲ့ တွဲဖက် သရုပ်ဆောင်ခဲ့ပါတယ်။ ဗီစီဒီ ရိုက် ကွင်းကိုတော့ နိုဝင်ဘာ
၃ဝ ရက်နေ့ က ကမ္ဘာအေးဘုရား လမ်းရှိ Ou Lee Kitchen မှာ ရိုက် ကူးခဲ့ပါတယ်။
ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက် ကူးခဲ့ပုံကို ချစ်သုဝေ က..
“ဒီသီချင်းကို ထရီဇာစဉ်းစား ထားတဲ့ Story Script လေးရှိနေ တော့ အဲဒါကို
အကြမ်းချရေးတယ်။ လိုအပ်တဲ့ ပစ္စည်း၊ လိုအပ်တဲ့လူကို Script ပုံစံလေး
ရေးထားတယ်။ ကင်မရာမန်းက ဦးသုံးပေါင် ပေါ့။ ဒါရိုက်တာရယ်လို့တော့ မဟုတ်ပါ
ဘူး။ထရီဇာ့မျက်လုံးထဲမှာ မြင်နေ တာကို ဦးသုံးပေါင်ကို ရိုက်ခိုင်းတယ်။
တစ်ယောက်ယောက်ကို ခိုင်းရင် စိတ်တိုင်းမကျမှာစိုးတော့ ကိုယ် တိုင်လုပ်တော့
နည်းနည်းတော့ ပင်ပန်းတယ်။ ဆက်တင် ကအစ ထရီဇာလိုချင်တဲ့ မီး ဖိုချောင်ပုံစံ
အခင်းအကျင်း ရဖို့အတွက်Ou Lee Kitchen ကို ထရီဇာ ဝင်ကြည့်ပြီး သွား
တွေ့တော့ အမှန်တော့ သူဌေး က ပေးမရိုက်ဘူး။
ထရီဇာ့သီချင်း
လေးရိုက်မယ်ဆိုတော့ သူက ပေး ရိုက်တယ်။ အဲဒီအတွက် လည်း ကျေးဇူး တင်ပါတယ်။
ဒီမှာရိုက်ပြီးရင် Workshop မှာရိုက် မယ်။ ညကျ ရင် ထရီဇာ့အိမ်မှာ
ရိုက်မယ်။ ထရီဇာက ဒါရိုက်တာလုပ်ရတာ တအား ဝါသနာပါ တယ်။ Story Script ရေး
တာလည်း ဝါသနာ ပါ တယ်။ ဒါပေ မဲ့ ဒီနိုင်ငံ မှာ က ဒါရိုက် တာဆိုတဲ့
ခေါင်းစဉ်အောက်မှာ အကုန် လုပ်ရတော့ အလုပ်တအားများတယ်။ ခေါင်း လည်းရှုပ်တယ်”
လို့ ပြောပါတယ်။ မီးအိမ်ကဗျာက လင်းလင်းနဲ့ ချစ် သုဝေတို့ရဲ့ စုံတွဲ
အခွေလေးဖြစ်တဲ့အတွက် သူတို့ နှစ်ဦး မကြာမီဆင်နွှဲတော့မယ့် ပွဲလေးကိုလည်း
အမှတ် တရအနေနဲ့ ပရိသတ် တွေကြည့်ရှုနိုင်အောင် ထည့်ပေးချင်တာကြောင့်
ဗီစီဒီကို တော့ ၂ဝ၁၄ မတ်လ (သို့) နှစ်လယ် လောက်မှာထွက်ဖြစ်နိုင်ပြီး
အကောင်းဆုံြး ဖစ်အောင် ကြိုးစားနေ ကြောင်း ပြောပါတယ်။ သူတို့နှစ်ဦး
ဆင်နွှဲမယ့် ပွဲလေး ကိုတော့ မကြာမီ ပရိသတ် တွေကို အတိအလင်း
ပြောပြပေးသွားမှာဖြစ်ကြောင်း ချစ်သုဝေ က ပြောပါတယ်။ ၂ဝ၁၄ ခုနှစ်ထဲမှာ တော့
ချစ်သု ဝေက မင်္ဂလာပွဲကျင်းပတော့မယ်လို့ သိရပါ တယ်။ ဒီ့အတွက် ပရိသတ်တွေကလည်း
အနု ပညာအလုပ်တွေ ဆက် မလုပ်ဖြစ်တော့မှာ ကို စိုးရိမ်နေကြပြန်ပါတယ်။
ပရိသတ်တွေရဲ့ စိုးရိမ် မှုတွေအပေါ်ကိုတော့ ချစ်သုဝေက “ထရီဇာ
ရှင်သန်နေထိုင်ပုံကို ထရီဇာ့ ပရိသတ်ကြီး သိပြီး သား
ပါ။ထရီဇာလက်တွဲမယ့်သူကလည်း ပရိ သတ်တွေသိပြီးသား လူပဲလေ။ ထရီဇာ့ ဘဝ အတွက်
ယုံကြည်စိတ်ချပြီး ချစ်ရ မယ့်လူနဲ့ လက်တွဲမယ့်အပေါ်မှာ ထရီဇာ စိတ် ချမ်းသာ
ပျော်ရွှင်သလို ထရီဇာ့ပရိသတ်ကြီးလည်း စိတ်
ချမ်းသာပျော်ရွှင်မယ်လို့ယုံကြည်ပါတယ်။ အိမ် ထောင်ပြုပြီးရင်လည်း အရင်တုန်းက
အတိုင်းပဲ အနုပညာအလုပ်ေ တွကို လွတ်လွတ်လပ်လပ်နဲ့ ဦးနှောက်တစ်စုံ၊
နှလုံးသားတစ်စုံနဲ့ပေါင်းပြီး ဆက်ပြီးတော့ အားပြည့်မာန်ပြည့်လုပ် သွား
မှာပါ။ စိုးရိမ်စရာမရှိပါဘူး။ ထရီဇာ့ဘဝမှာ ထရီဇာ့ မိသားစုနဲ့ပရိသတ်တွေပဲ
ရှိတာပါ။ အသက်ရှင်နေသ၍ ဆက်ပြီးတော့ အနုပညာ ကို
တနင့်တပိုးနဲ့ဆက်လုပ်သွားပါ့မယ်။ မင်္ဂလာ ကိစ္စကို အသေးစိတ်မကြေညာသေးတာ က
ဘယ်နေ့မှာ ဘယ်ပွဲလုပ်မလဲဆိုတာကို မသေ ချာသေးလို့ပါ။ ပြည့်ပြည့်စုံစုံ
မစီစဉ်ရသေးတဲ့ အတွက် ဟိုတစ်မျိုးဒီတစ်မျိုးနဲ့ မသေချာတဲ့ အချက်အလက်တွေပါ
သွား မှာစိုးလို့ပါ။သေချာ သွားရင်တော့ ထရီ ဇာ့ပရိသတ်ကြီးကို
ထရီဇာကိုယ်တိုင်အသိ ပေးကြေညာပါ့မယ်” လို့ ပြောပါတယ်။ခိုင်ဝေလွင်
popularmyanmar
1 comment:
သ ဘောတူတယ် စိတ်ချမ်းသာပါစေ
Post a Comment