အခုတစ်လော ဖေ့စ်ဘွတ်ပေါ်မှာ sexy ပုံတွေနဲ့ ပတ်သက်ပြီး သတင်းထွက်နေတဲ့ မော်ဒယ်လ် စိုးပြည့်ပြည့်စံ ကို sexy pose တွေလုပ်ရတာနဲ့ပတ်သက်ပြီး မေးမြန်းဖြစ်တဲ့အခါမှာတော့
စိုးပြည့်ပြည့်စံရဲ့ လတ်တလော အနုပညာလှုပ် ရှားမှုတွေရှိ ရင်ပြောပြ ပေးပါ။
ဟိုတစ်ပတ်ကမှ
ဟင်္သာတမှာ ရှိုးဆိုပြီး လို့ပြန်ရောက်တယ်။ ရန်ကင်း၊ ဦးချစ်မောင်လမ်း
မပေါ်မှာ အဆိုတော်တွေနဲ့ သီချင်း ဆိုဖို့ရှိတယ်။ ပြီးရင် ဟင်္သာတနဲ့
ဘိုကလေးမှာ သီချင်းသွားဆိုဖို့ ရှိပါတယ်။ စိုးပြည့်ရဲ့ ရှိုးပွဲတိုင်းကို
ဇွန်သဉ္ဇာနဲ့ ဇာဇာထက်က အမြဲတမ်း ပါဖော့မန့် လုပ်ပြီး အားဖြည့်ပေးပါတယ်။
စိုးပြည့်ပြည့်စံ ရဲ့only one MTV အခွေကိုရော ဘယ်လိုပုံစံမျိုးတွေ နဲ့ရိုက်ကူးထားသလဲ။
MTV အတွက် သီချင်း ၅ပုဒ်လောက်တော့ ရိုက်ပြီးသွားပါပြီ။ ဟဲဗီးsexy ပုံစံမျိုးကို ဇာဇာထက်နဲ့ ဇွန်သဉ္ဇာ တို့နဲ့အတူ သရုပ်ဆောင်ထားပါတယ်။
ဟဲဗီးsexy မျိုးတွေ ရိုက်ကူးထားတယ်ဆိုတော့ ကိုယ့်မြန်မာပြည်ယဉ်ကျေးမှုနဲ့ culture အရ လက်ခံလာနိုင်မယ်၊ သဟဇာတ ဖြစ်မယ်လို့ ထင်ပါသလား။
အဓိကကတော့လေ
အခုလို ပွင့်လင်းလာတာတွေကို စိုးပြည့် သဘောကျပါတယ်။ ဒီနိုင်ငံ ကိုဒီထက်မက
စိုးပြည့် တိုးတက်ချင်တယ်။ အမြင်တွေကျယ်စေချင်တယ်။ အဲဒီအတွက် စိုးပြည့်လည်း
ကိုယ့်ရဲ့ယဉ်းကျေးမှု အတိုင်းအတာတစ်ခုအထိ ဖြစ်မဲ့ဟာကို
စိုးပြည့်ဖန်တီးထားတယ်။ အဲဒီမှာ လက်ခံတဲ့ လူတွေရှိသလို လက်မခံတဲ့
လူတွေပေါ်လာမှာပါပဲ။ ဒါပေမဲ့ စိုးပြည့် မြန်မာနိုင်ငံက ယဉ်ကျေးမှု ဘောင်က
မကျော် သွားဘူး။ အကောင်းဆုံး နဲ့အမိုက်ဆုံး ဖြစ်အောင် စိုးပြည့်ဖန်တီး ထား
ပါတယ်။
စိုးပြည့်ပြည့်စံ ရဲ့ဖေ့ဘွတ်ခ် ပေါ်မှာတက်နေတဲ့
ပုံတွေနဲ့ ပတ်သက်ပြီးတော့ လူတွေရဲ့ ပြောဆိုဝေဖန် သံတွေ၊ ရှုတ်ချသံတွေန
ဲ့ပတ်သက်လို့ စိုးပြည့်စိတ်မှာ ဘယ်လိုသဘောထားထားသလဲ။
စကားတိုင်း၊
စကားတိုင်းက စိုးပြည့်တို့အတွက် သိထိုက်တဲ့စကားတွေပါ။ အကောင်းအဆိုး
အားလုံးကို စိုးပြည့်လက်ခံနိုင်ပါတယ်။ ကြိုက်တဲ့သူ ရှိသလို မကြိုက်တဲ့
သူတွေလည်းရှိမှာပါပဲ။ စိုးပြည့်ဒါကို လည်းလက်ခံတယ်။ သူတို့ စိုးပြည့်ကို
ပြောတယ်ဆိုကတည်းက စိုးပြည့်တို့ကို သဘောကျလို့၊ စိတ်ဝင်စားလို့လေ။ အဲဒီတော့
စိုးပြည့်တို့လို အနုပညာရှင်တွေဆိုတာ ပရိသတ်တွေ စိတ်ဝင် စားခြင်းခံရမှ
အောင်မြင်တာ။ အဲဒီလို ပြောဆိုတာတွေကို အပြစ်မမြင်ပဲ လက်ခံတယ်။ သူတို့ပြော
ဆိုကြတာကို ၀မ်းသာပါတယ်။ အဲဒီအတွက် ဘာပဲဖြစ်ဖြစ် အတိုင်းအတာ တစ်ခုအထိတော့
အောင်မြင်တယ်။ အားလုံးကတော့ ခေတ်နဲ့ညီအောင် ပြေးနေကြတာပဲ။ ဖက်ရှင်တွေလည်း
ထွင်နေကြ တာပဲ။ အဲဒီ အပေါ်မှာမူ တည်ပြီးတော့ ခေတ်ကိုမြင်ပေးပါ။ ခေတ်နောက်
ပြန်ဆွဲပြီးတော့ စာအုပ်ကြီး တိုင်း မနေကြပါနဲ့လို့ ပြောချင်ပါတယ်။
စိုးပြည့်ပြည့်စံ နဲ့ပတ်သက်ပြီး ကောလဟာလ တွေထွက်နေတဲ့ အပေါ်မှာ ရောဘယ်လို ဖြေရှင်းမလဲ။
စိုးပြည့်ကတော့မဖြေ
ရှင်းဘူး။ စိုးပြည့် ဒီလောကထဲကို မော်ဒယ်လ် တစ်ယောက်အနေနဲ့ စပြီးဝင်လာ
ခဲ့တာ ၁၀နှစ်တောင် ရှိပြီဆိုတော့ ဒီလိုပါပဲ အကောင်းအဆိုး ဆိုတာကတော့
အောင်မြင်ရင် ထိခိုက်တာပဲလေ။ အဓိကက ကိုယ်လျှောက်မဲ့ လမ်း၊
ကိုယ်ချပြချင်တဲ့အရာကို အကောင်းဆုံး ဖန်တီးရမယ်။ ဖြေရှင်းနေရင်
ပိုပြီးတောင် ရှုပ်သွားအုံးမယ်။ ဒါကြောင့် မဖြေရှင်းတော့ဘူး။ စိုးပြည့်တို့
ကဆင်းရဲပါတယ်။ ဆင်းရဲပေမဲ့ စိတ်ဓာတ်မကျဘူး။ ဘာကြောင့် လဲဆိုတော့ သူတို့ပြော
တဲ့စကား တွေကြောင့်ပေါ့။ စိုးပြည့်ရလာတဲ့ အနုပညာကြေး တွေကို စုပြီးတော့
ရလာတဲ့ ငွေကြေးနဲ့ပဲ စိုးပြည့်ရဲ့ တကိုယ်တော် အခွေဖြစ်တဲ့ only one
ကိုထုတ်နိုင်ခဲ့တာပါ။
စိုးပြည့်ပြည့်စံ အနေနဲ့အနုပညာ လောကထဲကို ၀င်ရောက်ဖြစ်ရတဲ့ အဓိကရည်ရွယ်ချက် ကိုသိပါရစေ။
စိုးပြည့်ရဲ့
အသက်ရှုတဲ့ အရာတိုင်းမှာ ရှုးသွပ်နေတဲ့ အနုပညာ ပိုးတွေရှိနေပါတယ်။ အခုလည်း
အဲဒီအနုပညာ ပိုးတွေက ရှင်သန်ဆဲ ပါပဲ။ ဒါပေမဲ့ စိုးပြည့်အတိုင်းအတာ
တစ်ခုအထိရောက်ဖို့ စိုးပြည့် သတ်မှတ်ထားတယ်။ အခုစိုးပြည့် ရဲ့MTV
ကို၃လပိုင်း မှာထွက်ဖို့ ရည်ရွယ်ထားတယ်။ ထွက်ခဲ့ရင် စိုးပြည့်လိုချင်တဲ့
အောင်မြင်မှုကို ရရင်ရ၊ မရရင် ဒီလောကက နှုတ်ထွက်သွားမှာပါ။ စိုးပြည့်ရဲ့
၁၀နှစ် တာကာလ ကံကိုစမ်းလိုက်ပြီ။
စိုးပြည့်ပြည့်စံ sexy pose တွေရိုက် ရတာနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။
စိုးပြည့်ကို
မော်ဒယ်လ် တစ်ယောက်အနေနဲ့ သိကြတယ်ဆိုတော့ စိုးပြည့်လုပ်ခဲ့တဲ့
အရာတွေအားလုံး ရိုက်ခဲ့တဲ့အရာတွေဟာ စိုးပြည့်ရဲ့ body structure
ကိုပြချင်တာ။ အဓိကက ဘာတွေလည်း ဆိုရင် ဒီလောကထဲကို စ၀င်လာကတည်းက
စိုးပြည့်အားကစား တွေလုပ်ခဲ့တယ်။ ဒီလောကမှာ သူများတွေ ထက်ယှဉ်လို့
ရအောင်ဆိုပြီး အားကစားလုပ်တယ်။ အရိုးလေ့ကျင့်ခန်းတွေ အသေအလဲ
လေ့ကျင့်ခဲ့ရတယ်။ စိုးပြည့်ဓာတ်ပုံရိုက်ရင် ခန္ဓာကိုယ် အချိုးအစားနဲ့ body
ကို အဓိက ပြချင်တာပေါ့။ ဒါပေမဲ့ ဒီလောကမှာ အဲဒီလို ရိုက်တာတွေကို သိတဲ့သူက
သိသလို၊ မသိတဲ့ သူတွေက မသိကြဘူး။ စိုးပြည့် ဘစ်ကနီဝတ်စုံနဲ့
ရိုက်ထားတာမျိုးတွေတော့ မရှိပါဘူး။ စိုးပြည့် sexy ကျတယ်။ ဒါပေမဲ့
မိန်းကလေး တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ မော်ဒယ်လ် ဆန်ဆန် ဘယ်လိုမိုက်နေလဲ
ဆိုတာသိ အောင်လို့ ရိုက်ပြတာ။ အနုပညာ မျက်စိနဲ့ပဲ ကြည့်စေချင် ပါတယ်။Trend Myanmar
No comments:
Post a Comment