မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Thursday, January 2, 2014

ပထမ အနုပညာခြေလှမ်းနှင့် ဝင့်ယမုံလှိုင်

ရန်ကုန်၊ ဒီဇင်ဘာ ၃ဝ
ရုပ်သံဇာတ်လမ်းတွဲက အနုပညာ လောကမှာ ပရိသတ်တွေ စတင် လက်ခံသွားတဲ့ ပထမအနုပညာ ခြေလှမ်း ဖြစ်ကြောင်း ဝင့်ယမုံလှိုင် က ပြောသည်။
”ဇာတ်လမ်းတွဲတွေ အရိုက်များလာတာ တအား ကောင်းပါတယ်။ ဒီထဲမှာ ကြိုက်တဲ့၊ ပရိသတ်တွေ လက်ခံအားပေးတဲ့  ပရိသတ်တွေ ရှိသလို မကြိုက်လို့ အားမပေးတဲ့ ပရိသတ်လည်း ရှိမှာပေါ့” ဟု ဝင့်ယမုံလှိုင် က ပြောသည်။
‘အချစ်သင်္ကေတ’ ဇာတ်လမ်းတွဲမှာ ပရိသတ် အားပေးမှုကို ရရှိထားသူ ဖြစ်သလို ဒါရိုက်တာ မောင်သီ ရိုက်ကူးတင်ဆက်သည့် Happy Beach ဇာတ်လမ်းတွဲမှာလည်း ပါဝင် သရုပ်ဆောင် ထားသူ ဖြစ်၍ အိုက်တင်ပိုင်းမှာ ပရိသတ်များ ပိုပြီး အာရုံ စိုက်ခံလာရသူလည်း ဖြစ်ကြောင်း သိရသည်။
”အိုက်တင်တွေ မထပ်အောင် ယမုံ ကြိုးစားတယ်။ ဇာတ်လမ်းတွဲတွေမှာ အတွေ့အကြုံရှိသူ တစ်ဦးမို့ ဗီဒီယို ဇာတ်ကားဘက် သရုပ်ဆောင်မှုမှာလည်း ကိုယ့်ကိုယ်ကိုယ် သရုပ်ဆောင်နိုင်မယ် လို့ ယုံကြည်ပါတယ်” ၄င်းက ဆက်ပြောသည်။

”ဇာတ်လမ်းတွဲမှာ ဝင့်ယမုံနေရာ တစ်ခု ရလာပြီဆိုတော့ ဇာတ်ကားရိုက်ဖို့ အဆင်သင့်ပါပဲ၊ ၂ဝ၁၄ နှစ်ထဲမှာ ဗီဒီယိုဇာတ်ကား ရိုက်ကူးဖို့ ရှိပါတယ်”ဟု ဝင့်ယမုံလှိုင်က ဆက်ပြောသည်။
ထူးထူး
popularmyanmar

No comments:

 Blogger

Myanmar CNN