ရန်ကုန်၊ ဒီဇင်ဘာ ၃ဝ
”အစကတော့ ပွဲမတက်ဘူး ဆိုပေမယ့် ပထမဆုံး
အနေနဲ့ အကယ်ဒမီ ပေးပွဲကို တက်ဖြစ်သွားတယ်”ဟု ထားထက်ထက်က ပြောသည်။
ကိုယ်တိုင် အကယ်ဒမီ ပေးပွဲတက်ပြီး ထားထက်လည်း တစ်နေ့ ဒီလိုဆုရအောင်
ကြိုးစားချင်စိတ် ဖြစ်မိတယ်” ဟု ထားထက်ထက်က ပြောသည်။
”ဆုရတဲ့ ညီအစ်ကို မောင်နှမအားလုံး အတွက် ဂုဏ်ယူတယ်။ ထားထက် ကိုယ်တိုင် သူတို့ကို အားကျ စိတ်တွေတောင် ဖြစ်မိတယ်”ဟု ၄င်းက ပြောသည်။
”ထားထက် ဇာတ်ကား ရိုက်ဖို့ နှစ်ကား
ရွေးချယ် ထားတယ်။ ဒါပေမဲ့ မသေချာသေးဘူး။ ကိုယ်တိုင် လိုအပ်ချက်တွေ
အများကြီး ရှိသေးတယ်”ဟု ထားထက်ထက်က ပြောသည်။
”ထားထက် ၅ ရက်နေ့မှာ မရမ်းချောင်မှာ အလှူ သွားလုပ်မယ်။ ပါဝင်ချင်တဲ့ မိဘပြည်သူ ပရိသတ် အားလုံးကို ဖိတ်ခေါ်ပါတယ်”ဟု ၄င်းက ဆက်ပြောသည်။
”ပရဟိတနဲ့ အနုပညာကို ထားထက်မျှတအောင်
လုပ်ဆောင်မယ်။ ပရဟိတက ထားထက်အတွက် အဓိက အရေးပါတဲ့ နေရာမှာ ရှိတယ်။
ဖောင်ဒေးရှင်း ထောင်ဖို့အတွက်လည်း ထားထက် ငွေကြေးတွေ စုဆောင်း ရဦးမယ်
ဆိုတော့ အနုပညာ အလုပ်လည်း လုပ်ဆောင် သွားမယ်”ဟု ထားထက်ထက်က ပြောသည်။
ထူးထူး
popularmyanmar
No comments:
Post a Comment