မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Saturday, January 11, 2014

လူမိုက်

လူမိုက်

အလင်းပျောက်နေမှန်းသိရက်နဲ့ 
အမှောင်ညထဲ အတင်းလျှောက်မိတဲ့ ငါ
နောင်တနဲ့ အမှောင်ကမ္ဘာမှာ ထောင်ကျနေပြီလေ။

အငွေ့ တလူလူနဲ့ 
ဘဝကိုခြွေယူမဲ့  ဆေးလိပ်တိုကို
အိုလံပစ်မီးရှူးတိုင်လို့ 
စိတ်မှာထင်မြင် မေတ္တာဝင်ပြီး
မြတ်မြတ်နိုးနိုး ကိုင်စွဲမိချိန်
ဖန်ခွက်ထဲမှာ အရက်လဲကုန်ပြီ။

ပုလင်းကိုငှဲ့  ဖန်ခွက်ထဲ အရက်ထပ်ထည့် လို့ 
အမြည်းတစ်ဖတ်ကို ကောက်ဝါးလိုက်ချိန်
နာရီသံ စည်းချက်က
၎ ချက်တိတိ မြည်လို့ 
လင်းကြက်တောင်တွန်ပြီ။

လူမှန်းမသိ ၊ သူမှန်းမသိ
သွက်သွက်ခါအောင် မူးလို့ 
ငါအရက်ကျွန်ဖြစ် ၊ ဘဝနွံမှာ နစ်တော့ မယ်
ဘာလိုလိုနဲ့  ငါလူမိုက်ကြီးဖြစ်နေပါပေါ့ လား။  ။

hee hee
 troths.blogspot

1 comment:

Unknown said...

သိပ်​မိုက်​တဲကဗျာ​လေးပါအကို
ကျ​နော်​ကြိုက်​လို့
အကိုကဗျာကိုပြန်​ကူးပြီးကျ​နော်
Facebookမှာပြန်​တင်​ထားပြီးအကို

ကျ​နော်​facebookကိုလာလယ်​ပါအုံးလား
အကိုနဲfriဖြစ်​ချင်​လို့ပါ

အ​ကောင့်​နာမည်​က
moe48983@gmail.comလို့ရိုက်​လိုက်​ပါအကို

 Blogger

Myanmar CNN