မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Sunday, January 19, 2014

ကိုယ်လုပ်နေတဲ့ အလုပ်ကြောင့် အသားအရေကို ပိုဂရုစိုက်ဖြစ်လာတဲ့ ရွှေပိုးအိမ်

ခင်ဆွေသက် 
အနုပညာရှင်တစ်ယောက်ဖြစ်လာပြီဆိုရင် သာမာန်လူတစ်ယောက်ထက်တော့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ခြယ်သ၊ ထိန်းသိမ်းရတဲ့အပိုင်းတွေ များလာပါပြီ။ အဲ့ဒီလို အလှအပနဲ့ ပတ်သက်လို့ ထိန်းသိမ်းမှုတွေ ပြုလာကြတဲ့အထဲမှာ ခုနောက်ပိုင်း အနုပညာခြေလှမ်းတွေ စိပ်လာတဲ့ ရွှေပိုးအိမ်ဆိုတဲ့ ကောင်မလေးတစ်ယောက်လည်း အပါအ၀င်ပါပဲ။ သူမနဲ့ တွေ့ဆုံခိုက် အလှအပဆိုင်ရာ ထိန်းသိမ်းမှုတွေအကြောင်း မေးမြန်းကြည့်လိုက်တဲ့အခါ သူမက ‘အသားအရေက အရင်ကဆို လုံးဝဂရုမစိုက်ဖြစ်ဘူး။ ပြီးတော့ နေပူထဲတွေထွက်တဲ့အခါ လက်မောင်းသားနဲ့ လက်အဖျားပိုင်းက အသားအရေလုံးဝ မညီတော့ဘူး။ အဲဒါနဲ့ကိုယ်က လိုးရှင်းတွေပြန်လူးဖြစ်တယ်။ အရင်ကဆို ဖြစ်ချင်တာဖြစ် မလူးဖြစ်ဘူး။ လူးရင် စိုပြီးကပ်နေတာကို မကြိုက်ဘူး။ အခုတော့ သတိတရနဲ့ကို မျိုးစုံလူးဖြစ်နေတယ်။ အသားအရေကလဲ သမီးတို့လို အနုပညာသမားတွေ ထိန်းသိမ်းသင့်တဲ့အရာတွေထဲက တစ်ခုဆိုတော့လေ။
ပြီးတော့ အိမ်မှာ သခွားသီးကပ်တာမျိုးရှိတယ်။ Skin Care ၊ Cosmetic တွေနဲ့ထိန်းသိမ်းတာမျိုးရှိတယ်။ မျိုးစုံပေါ့အစ်မရယ်။ ကိုယ်လုပ်နေတဲ့ အလုပ်က ပရိသတ်တွေ ချစ်အောင်ခင်အောင် နေရတဲ့အလုပ်ဖြစ်နေတဲ့အတွက်ကို အသားအရေပိုင်းကို အထူးဂရုစိုက်ပြီး ထိန်းသိမ်းနေရပါတယ်’တဲ့။
Trend Myanmar

No comments:

 Blogger

Myanmar CNN