မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Sunday, January 19, 2014

စည်းကမ်းမဲ့ဆိုင်ကယ်ကို စစ်ဆေးသူနှစ်ဦးအား ကတ်ကြေးဖြင့်ထိုးသူများ လာရောက်အဖမ်းခံ

စည်းကမ်းမဲ့ရပ်ထားသည့် ဆိုင်ကယ်ကို စစ်ဆေးနေစဉ် ဆိုင်ကယ်ကယ်ရီသမားနှစ်ဦးက စစ်ဆေးနေသူနှစ်ဦးကို ကတ်ကြေးဖြင့်ထိုး၍ လေထိုးပိုက်ဖြင့်ရိုက်ကာ ထွက်ပြေးသွားပြီး ၁၅ ရက် အကြာတွင် ရဲစခန်းသို့ လာရောက်အဖမ်းခံကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၂၉ ရက်မှစ၍ အင်းစိန်မြို့နယ်တွင် ယာဉ်ထိန်းရဲများ၊ စခန်းရဲများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းများ၊ အောင်ဆန်း၊ ဒညင်းကုန်းနှင့် စဥ့်ငူရပ်ကွက်တို့မှ ရာအိမ်မှူးများအဖွဲ့သည် အင်းစိန်မြို့နယ်အတွင်းရှိ စည်းကမ်းမဲ့ဆိုင်ကယ်များကို လှည့်လည်ဖမ်းဆီးခဲ့သည်။ ထိုသို့ဆောင်ရွက်စဉ် ဒညင်းကုန်းလမ်းဆုံအနီးရှိ ပြင်စည်မင်းသားကြီးလမ်းမပေါ်၌ စည်းကမ်းမဲ့ရပ်ထားသည့် JLM- 125 အမျိုးအစား ဆိုင်ကယ်တစ်စီးကို တွေ့ရှိသဖြင့် စစ်ဆေးနေစဉ် စစ်ဆေးရေးအဖွဲ့ဝင် ဒုတပ်ကြပ်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးအဆင့် (၁) တို့ကို ကတ်ကြေးဖြင့်ထိုးပြီး လေထိုးပိုက်ဖြင့် ရိုက်ခြင်းဖြစ်သည်။


၎င်းတို့နှစ်ဦးအား ဖမ်းမိရေး ဆောင်ရွက်နေစဉ် ဆိုင်ကယ် ကယ်ရီသမားနှစ်ဦးသည် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ မှုခင်းအကူဌာနသို့ လာရောက်အဖမ်းခံခဲ့ကြပြီး ၎င်းတို့ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့ကြသည့် ကတ်ကြေး နှင့် လေထိုးပိုက်တို့ကို အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
သန်းဌေး
7 Day Daily

No comments:

 Blogger

Myanmar CNN