စကားပုံတစ်ခုရှိတယ် တောင်မွှေးလဲတော့ ဘိုးသူတော် ထူနိုင်တယ်တဲ့ ဘိုးတော်သူလဲတော့ တောင်မွှေးက မထူနိုင်ဘူးတဲ့
ဘိုးသူတော်က မိဘနဲ့ တူတယ် တောင်မွှေးက သားသမီးနဲ့  တူတယ် တောင်မွှေးလေးလဲ ဘယ်ချိန်လဲလဲ တောင်မွှေးကို အဖော်ပြုနိုင်တဲ့ ဘိုးသူတော်က အချိန်မရွေး ထူနိုင်တယ်
သားသမီးတွေ အရွယ်ရောက်တဲ့ထိ မိဘက ရှာဖွေကျွေးမွေးနိုင်တာနဲ့ တူတယ် ဘိုးသူတော်လဲတော့ တောင်မွှေးက ပြန်မထူနိုင်ဘူးဆိုတာ သက်မဲ့တောင်မွှေးလေးပဲ ဖြစ်ပါစေ
သက်ရှိတောင်မွှေးလေးဖြစ်တဲ့ သားသမီးတွေကတော့ ကိုယ့်ကို အဖော်ပြုနေတဲ့ မိဘကို သက်ဆုံးတိုင် ရှာဖွေးကျွေးမွေး ကျေးဇူးဆပ်သင့်တယ် မိဘလဲနေရင် အချိန်မရွေး ပြန်ထူပေးတဲ့တောင်မွှေးလေး ဖြစ်ပါစေ
ချစ်တဲ့သမီး
No comments:
Post a Comment