မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Friday, December 6, 2013

မေ မေ

မေ မေ
ဒုက္ခ တွေကိုမျို သိပ်
ကြိတ်မှိတ် လို့
လောကဓံ ကို အံတုခဲ့
သွေးရဲတဲ့
မွေးမေမေ....။

ပညာ မတတ်ပေမယ့်
ပညာတတ် သားသမီး တွေကို
လောက အလယ်
ရင်ဘောင်တန်း နိုင်အောင်
မြေတောင် မြှောက်မွေးထုတ်
အပြုံး တစ်ဆုပ်နဲ့

မွေးမေမေ.....။

ရှိတာ နဲ့ ချွေတာ
ရုန်းကန် ရှာဖွေတာလည်း
ယောက်ျား ပမာ တမျိုး
မိန်းမ ဆန် စွာလည်း
စေ့စပ် သေချာပေ
မွေးမေမေ.....။

မာတာ မိခင်
ကျေးဇူးတွေ မိုးတောင် ပင် ဖုံးအုပ်
မေတ္တာ တရားတွေ ကြီးမား
သမီး နှလုံးသားမှာ
မေ့မေ့ သွေးတွေ လည်ပတ်
အကျေဆပ် ပါရစေ
မွေးမေမေ.........။

အမေနဲ့ ဝေးသော နေ့ရက်များ

No comments:

 Blogger

Myanmar CNN