မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Wednesday, December 11, 2013

ရန်ကုန် သေနတ်ပစ်အားကစားကွင်းတွင် နာရေးကူညီမှုအသင်း လူနာတင်ကား အသင့်ထားရှိ

ကျင်းပနေသော အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အရေးပေါ် အသက်ကယ် လူနာတင်ယာဉ် ကူညီမှုအတွက် အစိုးရအဖွဲ့၏ အကူအညီတောင်းခံမှုအရ နာရေးကူညီမှုအသင်း (ရန်ကုန်)က အရေးပေါ်လူနာတင်ယာဉ်တစ်စီးကို ရန်ကုန်ရှိ သေနတ်ပစ်အားကစားကွင်းတွင် အသင့်ထားရှိပေးထားကြောင်း သတင်းရရှိသည်။
လူနာတင်ယာဉ် စတင်ထားရှိစဉ်က တောင်ဥက္ကလာပရှိ သေနတ်ပစ်ကွင်း ပြင်ပတွင်သာ ထားရှိခွင့်ပေးခဲ့သဖြင့် တာဝန်ကျလုံခြုံရေးရဲအရာရှိများနှင့် စကားအချေအတင်ပြောခဲ့ရကြောင်း အဆိုပါအသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောကြားသည်။
““အစိုးရအဖွဲ့က အရေးပေါ်လူနာတင်ယာဉ်ရှိတဲ့အဖွဲ့တွေ ခေါ်တွေ့ပြီး အကူအညီတောင်းတာပါ။ သူတို့အကူအညီတောင်းလို့ သွားထားပေးတော့လည်း ကွင်းထဲဝင်ခွင့်မပေးဘူ။ ကွင်းထဲဝင်မစောင့်ရင် လူနာကို ဘယ်လိုသယ်မလဲ။ အရေးပေါ်ကယ်တင်တာဟာ အနီးကပ်ဆုံးမှာရှိနေမှ အဆင်ပြေတာ။ ဒါကို ကွင်းထဲဝင်ခွင့်မပေးရင် အသင်းကိုသာ ပြန်လာခဲ့လို့ပြောတော့မှ နားလည်မှုလွဲတာပါဆိုပြီး ၀င်ခွင့်ပေးတယ်””ဟု နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူက ပြောကြားသည်။   
နာရေးကူညီမှုအသင်း (ရန်ကုန်)မှ  အရေးပေါ်လူနာတင်ယာဉ်တစ်စီးနှင့် ၀န်ထမ်းသုံးဦးတို့ကို ဒီဇင်ဘာလ ၉ ရက်မှ ၁၄ ရက် သေနတ်ပစ်ပွဲစဉ်များ ပြီးဆုံးသည်အထိ တာဝန်ယူထားမည်ဖြစ်သည်။ အားကစားအမျိုးအစား အများဆုံးကျင်းပသည့် နေပြည်တော်တွင် အစိုးရပိုင် လူနာတင်ယာဉ်များနှင့် ပုဂ္ဂလိကဆေးရုံမှ လူနာတင်ယာဉ်များကို အသင့်အနေအထားဖြင့် ပြင်ဆင်ထားကြောင်း သတင်းရရှိသည်။

 7daydaily.com

No comments:

 Blogger

Myanmar CNN