တေးသံရှင် လင်းလင်း နဲ့ တေးသံရှင် ချစ်သုဝေတို့ ဂီတ စုံတွဲက ဇန်န ဝါရီလ
၂၈ ရက်နေ့ မှာ လက်ထပ် မင်္ဂလာပွဲ ကျင်းပပြီး နှစ်ကိုယ်တူ ရွှေလက်တွဲ တော့
မှာဖြစ်ပါ တယ်။ လင်းလင်း နဲ့ချစ်သုဝေ တို့ချစ်သူနှစ်ဦး ရဲ့ မင်္ဂလာပွဲ အတွက်
မင်္ဂလာ ဖိတ်စာ များကိုတော့ သူတို့နှစ်ဦး ကိုယ်တိုင်ပဲ Hand Made
ပြုလုပ်ထားတယ်လို့ သိရ တာကြောင့် စိတ်ဝင်တစား နဲ့ လင်းလင်း ကို
မေးမြန်းကြည့်တဲ့ အခါ
“ကျွန်တော် နဲ့ ထရီဇာ တိုင်ပင် တယ်။ ဖိတ်စာကို ဖိတ်တဲ့အခါမှာ
အမှတ်တရလေးလည်း ကျန် အောင်၊ အသုံးလည်း ဝင်အောင် ဘယ်လို လုပ်မလဲ
စဉ်းစားကြတော့ သစ်သား box လေးတွေကို ရန်ကုန်မှာ လက် သမားတွေ နဲ့အပ်တယ်။
ကျွန်တော်က အဲဒီ box လေးမှာ ထည့်မယ့် စက်ဘီး သေးသေးလေး၊ ပန်း လေး တွေ၊
ထီးလေးတွေ ကို ဘန်ကောက်မှာ တစ်ခုချင်း စီလိုက်စုပြီး ဝယ်တယ်။ ပြီးတော့
အိမ်မှာပဲ ကိုယ်တိုင် ကော်လေးတွေ နဲ့ လိုက်ကပ်ပြီး အသေးစိတ် လုပ်တယ်။ အဲဒီ
သစ်သား box ထဲက ကလစ်လေးမှာ ကျွန်တော်တို့ ဖိတ်စာလေး ပါ မယ်။ အဲဒီ box ကိုမှ
စက္ကူဘူး လေး နဲ့ ထည့်ထားတယ်။ အဲဒီ ဖိတ်စာလေးက ထောင်လို့ လည်း ရတယ်။
လှဲလို့လည်း ရတယ်။
ပြီးရင် ဓာတ်ပုံတွေ ဘာတွေ ညှပ်ပြီး ချိတ်ထား ချင်လည်း ရတယ်။ အဲဒီလို လေး
လုပ်ထားပါ တယ်” လို့ လင်း လင်း ကပြောပါ တယ်။ လင်း လင်း တို့ရဲ့ မင်္ဂလာပွဲ
ကိုတော့ ဇန်နဝါရီ ၂၈ ရက် ပိဋကတ် သုံးပုံနိကာယ် စာသင်တိုက်မှာ မင်္ဂလာဦး
ဆွမ်းကျွေးမှာ ဖြစ်ပြီး ၃ဝ ရက်နေ့မှာ တော့ စိန့်မေရီချက် ကျောင်းမှာ မင်္ဂလာ
ညစာစားပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။
အဲဒီနောက် ဖေဖော်ဝါရီ ၁ ရက်နေ့ မှာတော့ လင်းလင်း တို့ချစ်သူ နှစ်ဦး က
ခင်မင်တဲ့ မိတ်ဆွေများ နဲ့ အတူ ချောင်းသာမှာ Beach Party လေးလည်း
ပြုလုပ်မှာ ဖြစ်ပါတယ်။ အဲဒီနောက် လက်ထပ် ပြီးပြီးချင်း မှာပဲ သြစတြေးလျကို
ပညာရေး ရန်ပုံငွေ အတွက် မောင်နှံနှစ်ဦး စလုံး ဖျော်ဖြေ ရေး သွားရမှာမို့
ပြန်လာမှပဲ တခြား ကိစ္စတွေကို တိုင် ပင်တော့မယ် လို့လည်း လင်းလင်းက
ပြောပါတယ်။
yoyarlay

No comments:
Post a Comment