မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Saturday, January 11, 2014

အလွမ်းနာ

ညတစ်ညမှာ

အလွမ်းများနဲ့ ချုပ်ရိုးတွေထားသီတဲ့
အင်္ကျီတစ်ထည်မှာ

ဘ၀တူခရီးသွားဖော်အတွက်

မဝေးလည်းမဝေး

မနီးလည်းမနီး

အဝေးပြေးမြို့ လေးမှာ

တစ်ချို့ တွေကမ်းကပ်လဲမနီး

လွမ်းတတ်လို့ မပြီးတဲ့

ရင်ထဲရေးထားတဲ့

ဆီဆေးပန်းချီကားတွေလို

သပ်သပ်ရပ်ရပ်လေးခေါက်သိမ်းထားတာပေါ့

အခု ဒီညအဝေးပြေးလမ်းမကြီးကိုကြည့်ပြီး

ခွေးတစ်ကောင်လို

ဖြတ်သွားတဲ့ကားတွေကိုကြည့်ပြီး

ခဏခဏထိုးထိုးဟောင်နေမိတော့တယ်...


ထစ်ချုန်းမိုး

 troths.blogspot

No comments:

 Blogger

Myanmar CNN