မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Saturday, January 25, 2014

ကျွန်တော့်ဘဝမှာ အစီအစဉ်ချပြီး လုပ်တာမျိုး မရှိဘူး အောင်ရဲလင်း

ဟာသ ဇာတ်ကားတွေ ရိုက်ကူး တဲ့အခါမှာ Plot မထပ်အောင် ဘာတွေ ဆုံးဖြတ်ပြီးတော့ ရိုက်ကူးဖြစ်လဲ ဆိုတော့ အဓိကက ဇာတ်လမ်းပါ။ ဇာတ်လမ်း မထပ်ရင် ဘာမှသိပ်ထပ် စရာမရှိဘူးလေ။ နောက်တစ်ခုက တော့ ကျွန်တော်က အခုအဝတ်အ စားလည်း သေချာချိန်းတယ်။ ဆံပင် ပုံစံတွေလည်း သေချာပြောင်းတော့ တစ်ပုံစံနဲ့ တစ်ပုံစံမတူလောက်ဘူး ထင်တယ်။ ဒီနှစ်မှာ ကားတွေဆက် တိုက်ထွက်လာတဲ့အတွက် ကိုယ့် ကိုယ်ကိုယ်ကျေနပ် ပါတယ်။
အဓိက ကတော့ ကားထွက် လာတာနဲ့အမျှ ပရိသတ်ရဲ့ အသံကိုကြားရတာပဲ လေ။ အဲဒီလိုဆိုတော့ ကျွန်တော် တို့က ကာရိုက်တာ မျိုးစုံရိုက်ရတာ ပေါ့။ ကျေနပ်လားဆိုတော့ တချို့ ကားလေးတွေကျတော့လည်း ကိုယ် လိုသွားတဲ့ဟာတွေ ရှိတယ်။ တချို့ ကားလေးတွေကျတော့လည်း ဒီအ တိုင်းပြည့်စုံတဲ့ဇာတ်ကားလေးတွေ ရှိ တယ်။
အဲဒါကတော့ ကိုယ့်ဘာသာ ကိုယ် ပြန်ညှိ လုပ်ရတာပေါ့။ ကား လေးတွေကထွက်လာတဲ့ အချိန်မှာ ဘာပဲဖြစ်ဖြစ်ပရိသတ်အားပေးတဲ့ အတွက်ကြောင့် အများကြီးကျေနပ် ပါတယ်။
အရင်ကပြောတုန်းက အချစ်ဆိုတာ ပူလောင်တယ်၊ အေး မြတယ်ဆိုတာ ဒါကခံယူတဲ့ လူအ ပေါ်မှာပဲမူတည် တယ်လို့ပြော ဖူးတယ်။
အခုရော ဘယ်လိုခံယူ ထားသေးလဲ ဆိုတော့ " ခံယူတဲ့ လူအပေါ်မှာပဲ မူ တည်ပါတယ်။ အဓိက ကတော့ ကိုယ့်ကြောင့်သူ့ကို ပျော်စေချင် တာက အချစ်ပဲလေ။ ကိုယ်ချစ်တဲ့ လူတိုင်းကိုပျော်စေချင်ကြတယ်။ ကျွန်တော် ဘယ်တော့လောက် အိမ် ထောင်ပြုဖြစ်မလဲဆိုတာ ပြောလို့မ ရသေးပါဘူး။ အဓိက ကတော့အခု အချိန်မှာတော့ ကျွန်တော်ပြောရ ရင် ကံပေါ့နော်။ ကံပါတဲ့အချိန်ပေါ့။ လူပျို ဘဝကံကုန်သွားတဲ့ အချိန်မှာ အိမ်ထောင်သည်ဘဝ ရောက်သွား မှာပေါ့။ ဘယ်အချိန် လဲတော့ မသိ ဘူး။ ကျွန်တော် life အတွက် Plan တွေဘာတွေ ချထားတာ မျိုးလည်း မရှိဘူး။ ခုန ကျွန်တော်ပြောသလို ကံ ပဲသတ်မှတ်ထားတယ်။ ကျွန်တော့် ရဲ့ လူပျိုဘဝကံ ကုန်တဲ့နေ့ပေါ့။ အိမ် ထောင်သည်ဖြစ်မှာပေါ့ " လို့ဖြေပေး ခဲ့ပါတယ်။

yoyarlay

No comments:

 Blogger

Myanmar CNN