ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းမှာရှိ တဲ့ ဒေါ်အောင်ဆန်းစုကြည်၏
နေအိမ်မှာ NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင်
ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ဒီကနေ့ မနက်ပိုင်းက
တွေ့ဆုံခဲ့ကြပါတယ်၊
ဒီတွေဆုံမှုအတွင်း ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈
ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး သူသဘော ထားတွေကို ပြောပြခဲ့တယ်လို့
ဒီတွေဆုံမှုထဲမှာ ပါဝင်သူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် က
RFA ကို ပြောပါတယ်။
"လက်ရှိနိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ၂ဝဝ၈
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ် သက်ပြီးတော့
နိုင်ငံမှာအရေးကြီးတဲ့ အကြောင်းတော့ နည်းနည်းပါးပါး ပြောဖြစ် ပါတယ်၊
လွှတ်တော်ကနေ ဖွဲ့စည်းပေးထားတဲ့ ၁ဝ၉ ကော်မတီပေါ့နော်၊ ကော်မတီက ဒီလကုန်မှာ
အစီရင်ခံစာတင်ရတော့မယ်ဆိုတဲ့ အချိန်မှာ အရေးကြီးတဲ့ အချက်အလက်တွေ
ပါဝင်နိုင်ဖို့ကိုတော့ သူလည်းဆန္ဒရှိတယ်ပေါ့နော်၊
ကော်မတီမှာ
ဖွဲ့စည်းထားတဲ့အထဲမှာ NLD က ရှစ်ယောက်လောက်ပဲ ပါတာလေ၊ ဒီ ၁ဝ၉ ဦးမှာ
အားလုံးသဘောတူညီပြီးတော့ ဘယ်လိုအချက်အလက်တွေ ပါမလဲဆိုတဲ့ဟာကိုတော့
နည်းနည်းလေး အလေးထားပြီးတော့ သူပြောပါတယ်၊ တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့
ပတ်သက်ပြီးတော့လည်း အန်တီက တပ်မတော်ဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်
ရင်ကြားစေ့ရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါတယ်၊ တပ်မတော်နဲ့လည်း တကယ်ကို
နီးနီးစပ်စပ် ဆွေးနွေးသင့်တယ်ဆိုတဲ့ဟာကိုတော့ ပြောပါတယ်"
၈၈
မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ မင်းကိုနိုင်၊ ကိုကိုကြီး၊
ကိုဋ္ဌေးကြွယ်၊ ကိုမင်းဇေယျ၊ ကိုဂျင်မီ၊ ကိုမြအေး၊ ကိုပြုံးချို၊
ကိုမာကီးနှင့် စမ်းချောင်း ကိုကိုကြီးတို့ဟာ ဒေါ်အောင်ဆန်းစုကြည်၏
ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ သွားရောက်တွေ့ဆုံကြတာ ဖြစ်ပါတယ်။
RFA

No comments:
Post a Comment