*ဒဏ္ဍာရီတဲ့လား….?
မလှည့်စားချင်ပါနဲ့ကွယ်…..
*မကြေငြာဖြစ်ခဲ့ပေမယ့်
ရင်မှာဒဏ်ရာကိုယ်စီ ဖြစ်ခဲ့ရတဲ့ အချစ်………။
*အလင်္ကာတွေထဲမှာ ဝေဒနာဖွင့်အံချပြီး
ခြေရာတွေကျန်နေခဲ့ရတဲ့ အချစ်…….။
*ရမ®က်မလွှမ်းခဲ့လေတဲ့
တစ်သက်မမေ့စတမ်း…တမ်းတ
ဖြူလွတဲ့အနမ်းလေးတွေ ဝေမျှခဲ့တဲ့ အချစ်……….။
*အခြေအနေမပေးပေမယ့်လည်း..
မျှော်ငေးကာ အဝေးကနွမ်းလျဆဲ
တစ်ခန်းမရပ်နိုင်တဲ့ အလွမ်းဇာတ်ထဲက အချစ်…….။
*ရင်နင့်သည်းမျှ ငိုကြွေးမျက်ရည်ကျလို့
ခွင့်လွှတ်ခြင်းတွေ.. လွင့်ကြွေနေဆဲ အချစ်…….။
*ကိုယ့်အိပ်မက်ထဲက (…………………)ဟာ
သူဖြစ်ပါတယ်လို့… ဖွင့်ကြေငြာခဲ့တဲ့ အချစ်…….။
*အခုထိလဲလေ…အတွေးထဲ အိပ်မက်ထဲ အမြဲစေစားလို့
မင်းသာ အိပ်မက်(မင်းသား/မင်းသမီး) ဖြစ်နေတဲ့ အချစ်……….။
*ဖြစ်တည်ခဲ့တဲ့ အချစ်ရဲ့ရုပ်ကြွင်းတွေ ရှိနေလေရဲ့သားနဲ့
ဒဏ္ဍာရီတဲ့လားကွယ်…………..။
*မလှည့်စားချင်ပါနဲ့.. မယုံရင်ပုံပြင်မှတ်စတမ်း
တစ်ချို့ဇာတ်လမ်းတွေ ရှိတတ်ပေမယ့်
မင်းနဲ့ကိုယ်ကြားက အချစ်…
ပုံပြင်ဖြစ်နိုင်ပါ့မလား………?
စဉ်စားပါဦး ချစ်သူရေ……….
(ကိုယ့်ကိုလေ)………….. ဒဏ္ဍာရီထဲမှာ မထားခဲ့ပါနဲ့ကွယ်……….။
မိုးလေးအောင်
troths.blogspot
No comments:
Post a Comment