မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Monday, November 25, 2013

ပြင်ဦးလွင်မှာ ပရိသတ်တွေ နဲ့ အသားတကျ ဖျော်ဖြေခဲ့တဲ့ လင်းလင်းရဲ့ ဒုတိယ မြောက် တစ်ကိုယ်တော်ရှိုး

Dream Lover Band နဲ့ အဆိုတော် လင်းလင်းရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်ဖျော် ဖြေပွဲကို နိုဝင်ဘာ ၁၇ ရက်နေ့၊ နေ့ခင်း ၂ နာရီက ပြင်ဦးလွင်ရှိ အမျိုးသား ကန်တော်ကြီး ဥယျာဉ်မှာ ကျင်းပခဲ့ပါတယ်။  ပွဲစဖွင့်တာ နဲ့ လင်းလင်းနဲ့ သူ့ပရိသတ်တွေ တစ်သားတည်း ကျပြီး ပျော်ပျော်ရွှင်ရွှင် အဖွဲ့ကျခဲ့တာပါ။ အိပ်မက်ထဲက စစ်သားကြီး၊ သံမဏိလိပ်ပြာ၊ မန္တလေးမြို့ သေဆုံးခြင်း သီချင်းတွေ ဆိုတဲ့အခါမှာတော့ တစ်ကွင်းလုံးမှာ ပရိသတ်တွေ ပြိုင်တူ လိုက်ဆိုကြ တာကြောင့် ပွဲကကြက်သီး ထ စရာကောင်းလောက်အောင် ကြွခဲ့တာပါ။ လင်းလင်းရဲ့ ဖျော်ဖြေ ပွဲကို သံဃာတော်တွေပါလာ အားပေးတာတွေ့ရပြီး ဆရာတော် တစ်ပါးက လင်းလင်း အတွက် ဂုဏ်ပြု ပန်းစည်းတစ်စည်း ကိုယ်စားချီးမြှင့်ခဲ့တာလည်း တွေ့ရပါတယ်။
လင်းလင်းပွဲကို လာကြည့်တဲ့ မန္တလေးက ပရိသတ် ကိုဇာနည်ထွန်း က “ကျွန်တော် ရန်ကုန်ပွဲ လည်း သွားကြည့်တယ်။ အခု ပြင်ဦးလွင်ပွဲလည်း လာအားပေးတာပါ။ သူက ကျွန်တော် တို့ မန္တလေးသား၊ သူ့သီချင်းတွေ ကြိုက်လို့ပါ။ သူ့ရဲ့ ဖျော်ဖြေမှုက ပရိသတ်နဲ့ တရင်းတနှီး ရှိလို့ ကြည့်ရတာ တန်တယ်” လို့ ပြောပြ ခဲ့ပါတယ်။ လင်းလင်းရဲ့ ရှိုးပွဲ လာကြည့်တဲ့ ပရိသတ်တွေကို ကျေးဇူး တုံ့ပြန်တဲ့ အနေနဲ့ Jiahshe မော်တော် ဆိုင်ကယ် တစ်စီးကို ကံစမ်း မဲဖောက်ပြီး ချီးမြှင့်ခဲ့ပါတယ်။ လင်းလင်းက ပွဲသိမ်းဖို့ အပိတ် သီချင်းဆိုမယ် ဆိုတာကို ပရိသတ်က ဆယ်ပုဒ်ဆက်ဆိုဖို့ တောင်းပါတယ်။ လင်းလင်းက ပရိသတ် သဘောလိုက်လျောပြီး သီချင်း အနည်းငယ်ခန့် ဆိုပြခဲ့ပြီး အပိတ်ကိုတော့ ခရီးများ အဆုံး ထိသီချင်းနဲ့ ပိတ်ခဲ့ပါတယ်။  လင်းလင်းက စင်ပေါ် ကနေ သူ့ ပရိသတ်ကို ဘယ်တော့မှ မဟုတ် တာ၊ မမှန်တာ၊ ညာမစားဘူး လို့လည်း ပြောကြားခဲ့ပါတယ်။
နေကွန်းထင်
 popularmyanmar

2 comments:

Anonymous said...

အောင်မြင်ပါစေ။မြောင်းမြလာပါနော်။အာူးပေးနေမသ်

Anonymous said...

pathein လာပါ

 Blogger

Myanmar CNN