ကွမ်းခြံကုန်းမြို့နယ်တွင် ရေကြောင်းအချက်ပြသည့် မီးပြတိုက်တစ်ခုမှ
ဘက်ထရီခြောက်တစ်ခုကို ဖြုတ်ခိုး ခံလိုက်ရသဖြင့် ဆိပ်ကမ်းရဲစခန်းက အမှုဖွင့်
စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၆ ရက်တွင်
သတင်းထုတ်ပြန်လိုက်သည်။
ဖြစ်စဉ်တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် မီးပြတိုက်ဌာနခွဲမှ မီးပြ၀န်ထမ်း
ဦးဟန်လင်းနှင့် ဦးစိုးပိုင်တို့ ပါဝင် သော မီးပြင်အဖွဲ့သည်
ရန်ကုန်မြစ်တစ်လျှောက်ရှိ ရေကြောင်းအချက်ပြမီးများကို ဇန်န၀ါရီ ၁၁ ရက်က
လိုက်လံပြင်ခဲ့ကြသည်ဟု ဆိုသည်။
ထို့နောက် ကွမ်းခြံကုန်းမြို့နယ်ရှိ ရန်ကုန်မြစ်တစ်နေရာတွင် ချထားသည့် UPPER FlOAT မီးဗော်ယာတွင် သြစတြေးလျနိုင်ငံထုတ် ဆိုလာပြားလေးပြားအတွင်းရှိ ကျပ်၁၅ သိန်းတန်ဘိုးရှိ ဘက်ထရီ ခြောက်တစ် လုံးမှာ ပျောက်ဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဘက်ထရီခြောက်တစ်လုံးပျောက်ဆုံးမှုနှင့် ပတ်သက်၍ စုံစမ်းဖော်ထုတ်ပေးရန် မီးပြတိုက်ဌာန ခွဲမှူး ဦးအေးလွင်က တရားလိုပြုလုပ်တိုင်တန်းထားခြင်း ဖြစ်သည်။
ယင်းတိုင်တန်းမှုကို ဆိပ်ကမ်းမြို့နယ် ရဲစခန်းက (ပ)၃၄/၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁)ဖြင့် အရေးယူရန် စုံစမ်းဖော်ထုတ်နေသည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုထားသည်။
ဇော်ဇော်ထွေး /mizzimaburmese

No comments:
Post a Comment