မန္တလေးတိုင်းဒေသကြီး၊
ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ နယ်၊ တကောင်းမြို့တွင် ခွေးများ
မွေးမြူကာစည်းကမ်းမဲ့လွှတ်ကျောင်း ထားရှိခြင်းများကြောင့် အချို့ခွေး
များမှာ လမ်းသွားလမ်းလာ၊ ကျောင်းသူကျောင်းသားများကို
လိုက်လံကိုက်ဆွဲခြင်းများရှိကြောင်း သိရသည်။
ယင်းအပြင် ယခင်က
ဆောင်းအကုန်၊ နွေအကူးတပေါင်း တန်ခူးတွင်မှ ခွေးရူးများပေါ်ပေါက်
တတ်သော်လည်း ယခုအခါ အချိန် ရာသီမဟုတ်ဘဲခွေးရူးပြန်ခြင်းများ ရှိပြီး
ယင်းခွေးရူးများက လူများကို ကိုက်ခြင်းများနှင့် ခွေးများ
အချင်းချင်းကိုက်ရာမှတစ်ဆင့် ထပ်မံ၍ ခွေးရူးရောဂါများဆက်
လက်ပြန့်ပွားစေကြောင်း သိရ သည်။
၂၀၁၄
ခုနှစ် ဇန်န၀ါရီလ အတွင်းက အမှတ် (၁) ရပ်ကွက် ရှိအမျိုးသမီးကြီးတစ်ဦးကို
ခွေး ရူးကိုက်ခံရ၍ လက်တစ်ဖက်ဒဏ် ရာရခဲ့ကြောင်းနှင့် ခွေးရူးတစ် ကောင်က
ကျန်ခွေးများကိုလည်း လိုက်လံကိုက်ခဲခဲ့သဖြင့် ယင်းခွေး ရူးများကို
ရပ်ကွက်နေပြည်သူ များက ၀ိုင်းဝန်းသုတ်သင်ခဲ့ကြ ကြောင်းကိုလည်း သိရသည်။
၁.၁၁.၂၀၁၃
ရက်နှင့် ၂.၁၁.၂၀၁၃ ရက်နေ့များကမူ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ၏
ညွှန်ကြားချက်ဖြင့် ခွေးရူးကာ ကွယ်ဆေးများအား အကောင်ရေ ၂၀၀ အတွက်
အခမဲ့ရရှိကာ တကောင်းမြို့အတွင်း ခွေးများကို အခမဲ့လိုက်လံထိုးပေးခဲ့
ကြောင်းကို တိမွေး/ကုမှလ/ထ ဦးစီးမှူးဦးသက်ဇော်ဦး၏ပြောကြား ချက်အရ
သိရသည်။
သို့သော်လည်း
တကောင်း မြို့အတွင်းတွင် စည်းကမ်းမဲ့လွှတ် ထားသောခွေးများမှာ အထိမ်း
အကွပ်မဲ့ ပရမ်းပတာမျိုးပွားခြင်း များကြောင့် ခွေးကောင်ရေအရေ အတွက်မှာ
အဆမတန်များပြား လာခဲ့ခြင်းကြောင့် ထိုးပေးခဲ့သော ခွေးရူးကာကွယ်ဆေးမှာ ခွေး
အင်အားအရေအတွက်နှင့် ယှဉ် ပါမလုံလောက်ခဲ့ကြောင်းကိုလည်း သိရသည်။
တကောင်းမြို့နယ်နေပြည်သူ
တစ်ဦးက “ခွေးတွေကို စည်းကမ်း မဲ့ထားရာကနေမျိုးပွားလာတော့
ခွေးလေခွေးလွင့်တွေကပေါလာ တယ်။ ဈေးထဲမှာဆိုလည်းပိုင်ရှင်
မဲ့ခွေးတွေရှိတယ်။ အဲဒီခွေးတွေက သားပေါက်တဲ့ အချိန်ဆို ဆိုင်ခန်း
ခုံတွေအောက်ကနေပြီး ထွက်ဆွဲ ကြတယ်။ မြို့ထဲဆိုလည်းခြံဝင်းထဲ ကနေ
အပြင်ကိုထွက်နေတုန်းလူ ကိုကိုက်တာတွေလည်းရှိတယ်။ အကိုက်ခံရရင်လည်း
ခွေးပိုင်ရှင် တွေက သူတို့ခွေးမှန်သိသိကြီးနဲ့ မသိချင်ယောင်ဆောင်နေတာတို့၊
ငါ့ခွေးမဟုတ်ဘူးတို့နဲ့ ငြင်းကြ တယ်။ ကလေးတွေ၊ ကျောင်းသား
တွေအကိုက်ခံရတာတွေလည်းရှိ တယ်။ ဒီခွေးတွေနဲ့ ညဘက်ဆို
လမ်းလျှောက်ရင်လည်းနောက်ကျော မလုံဘူး။ ဘယ်နားကထွက်လိုက် မလဲနဲ့
စိတ်ထင့်နေရတာ။ ခွေး ကိုက်ခံရင်သိတဲ့အတိုင်းပဲ။ စုတ်
ပြတ်သတ်တဲ့အထိခံရတာလေ။ ဆေးဖိုးလည်း
ကုန်တယ်။
လူလည်း နာတယ်။ လမ်းပေါ်ထွက်ပြီးပြေး လွှားနေကြလို့ဆိုင်ကယ်နဲ့ ခွေးကို
တိုက်မိပြီးလဲကြတာတွေလည်း ခဏခဏပဲ။ အဲဒီတော့ ဘယ်သူ တွေမှာ တာဝန်ရှိသလဲ။
ခွေးရူး ဖြစ်လို့အကိုက်ခံရသူတွေရှိရင်လည်း ဘယ်သူတွေဖြေရှင်းပေးကြမှာပဲ”ဟု
မေးသည်။
ထိန်ထိန်လင်း(တကောင်း)
By Hot News
No comments:
Post a Comment