နယ်စည်းအနီး အခုလို ဖြစ်ရပ် မကြာခဏ ဖြစ်ပေါ်
တောင်နဲ့ မြောက် ကိုရီးယား ၂ နိုင်ငံဟာ သူတို့ရဲ့ ရေပြင် နယ်နမိတ်တွေကို ကျော်ဖြတ်ပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။
မြောက်ကိုရီးယားတို့ စစ်ရေး လေ့ကျင့်ရာက ဗုံးဆန်တွေ တောင်ကိုရီးယား
ရေပိုင်နက်ထဲ ကျရောက်ခဲ့ရာကနေ အခုလို အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပေါ်
ခဲ့တာလို့ တောင်ကိုရီးယား ဘက်က ဆိုပါတယ်။
သူတို့ ရေပိုင်နက်ထဲကို ဗုံးဆန်တွေ ကျရောက် လာလို့ သူတို့လည်း တစ်ဘက်ကို ပြန်လည် ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။
အခင်းဖြစ်ပွားရာ နယ်နိမိတ် စည်းအနီးအနားမှာ နေထိုင်တဲ့ လူတွေကို သတိ
တင်ကြို ထားတဲ့ အနေနဲ့ ဗုံးခိုကျင်းတွေထဲ သွားနေဖို့ တောင်ကိုရီးယား
အာဏာပိုင်တွေက တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီ နယ်နိမိတ် အပိုင်းအခြားကို မြောက်ကိုရီးယားက အသိအမှတ် ပြုထားခြင်း
မရှိဘဲ အဲဒီ နယ်စည်း အနီး အခုလို ဖြစ်ရပ်တွေ မကြာခဏ ဖြစ်ပေါ်လေ့ ရှိပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
အဆိုပါအမှုကို ဗိုလ်တထောင်မြို့နယ်တွင်နေထိုင်သည့် မြိတ်တက္ကသိုလ်၊
သမိုင်းဌာနမှ လက်ထောက် ကထိက အငြိမ်းစားဖြစ်သူ ဒေါ်စန္ဒာဝင်း (၄၉)နှစ်က
အမှုဖွင့် တိုင်တန်းထားသည်ဟု ရဲကဆိုသည်။
အမှုမှာ နေ့လယ် ၁၁ နာရီခွဲအချိန်က တရားလိုသည် တိုရိုတာဗင်အဖြူရောင်
ကိုယ်ပိုင်ယာဉ်ဖြင့် ကမာ ရွတ် (၁)ရပ်ကွက်၊ အင်းစိန်လမ်းမရှိ အမှတ်
(၁၁၁)တွင် ပိုးထည်အ၀တ်အထည်များ ရောင်းမည့် ဆိုင် ခန်းပြင်ဆင်ရန်အတွက်
ရောက်ရှိခဲ့သည်။
ထို့နောက် ကားကို လမ်းဘေးပလက်ဖောင်းတွင် သော့မပိတ်ဘဲရပ်ထားကာ
ဆိုင်ခန်းပြင်ဆင်နေသည့် နေရာသို့ သွားရောက်ကြီးကြပ်ခဲ့ပြီး
တစ်နာရီခန့်အကြာတွင် ကားရှိရာသို့ သွားရောက်ခဲ့သည်ဟု တရားလို က ရဲထံတွင်
ထွက်ဆိုထားသည်။
ထိုအချိန်တွင် ကားရှေ့ခန်း ၀ဲဘက်တံခါးမှာ အနည်းငယ်ဟနေသည်ကို တွေ့ရပြီး
ကားရှေ့ခန်းထိုင်ခုံပေါ် တွင် တင်ထားခဲ့သည့်
လေးဆယ့်ရှစ်သိန်းကိုးသောင်းတန်ဖိုးရှိ စိန်ထည်ရတနာပစ္စည်းများနှင့် အခြား
ဘဏ်ကတ်၊ ၀န်ထမ်းကတ်၊ မှတ်တမ်းစာအုပ်၊ လက်ကိုင်ဖုန်းတို့မှာလည်း
ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ခိုးယူသွားသူကို စုံစမ်းဖော်ထုတ်ပေးရန်
တိုင်တန်းလိုက်သဖြင့် ကမာရွက် ရဲစခန်းက (ပ)၆၇/ ၂၀၁၄ဖြင့် အမှုဖွင့်ပြီး
ပုဒ်မ ၃၈၀ဖြင့် အရေးယူနိုင်ရန် ပြစ်မှုကျူးလွန်သွားသူကို
စခန်းမှူးကိုယ်တိုင် စုံးစမ်း ဖော်ထုတ်နေသည်ဟု ဆိုထားသည်။
ဇော်ဇော်ထွေး/mizzimaburmese