သမ္မတဦးသိန်းစိန် အမျိုးသားအဆင့် ကျေးလက်ဒေသဖွံ့ ဖြိုးရေးမဟာဗျူဟာမူဘောင် အလုပ်ရုံဆွေးနွေးပွဲ၌ မိန့်ခွန်းပြောကြားစဉ်
မြန်မာနိုင်ငံ၏ ရေသယံဇာတ၊ မြေသယံဇာတ၊ သစ်တောသတ္တု သယံဇာတ၊
သားငါးသယံဇာတများကို ဖျက်ဆီးသူသည် တိုင်းပြည်ကို ဖျက်ဆီးသူဖြစ်ကြောင်း
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
၂၀၁၃ ခုနှစ်နိုဝင်ဘာ ၁၈ ရက်က နေပြည်တော်တွင် ပြုလုပ်သော အမျိုးသားအဆင့်
ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မဟာဗျူဟာမူဘောင် အလုပ်ရုံ ဆွေးနွေးပွဲတွင်
ပြောကြားခဲ့ခြင်းဖြစ်သည်။
မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်
Monday, November 18, 2013
ဦးတေဇနှင့် တွေ့ဆုံခြင်းမှာ ပုဂ္ဂိုလ်ရေးအရ ခင်မင်မှုဖြင့်သာ တွေ့ဆုံခြင်းဟု ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ပြောကြား
ဦးတေဇနှင့် တွေ့ဆုံခြင်းမှာ အလုပ်သဘောအရ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ ခင်မင်မှုဖြင့်သာ တွေ့ဆုံခြင်း ဖြစ်ကြောင်း ကချင်လွတ်မြောက်ရေး တပ်မတော် KIA မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။
နိုဝင်ဘာ ၁၈ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ Business Alliance Hotel တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများက ထူးကုမ္ပဏီဥက္ကဋ္ဌ ဦးတေဇနှင့် တွေ့ဆုံမည်ဟု သတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ်သတ်၍ မေးမြန်းစဉ် ဗိုလ်ချုပ်ဂွမ်မော်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
မလေးရှားတွင် မြန်မာနိုင်ငံသားဟု ယူဆရသည့် အလောင်းနှစ်လောင်းတွေ့
မြန်မာနိုင်ငံသားဟု ယူဆရသူ အမျိုးသားတစ်ဦး ဒဏ်ရာများစွာဖြင့်
သေဆုံးနေပြီး ခြေထောက်များကိုလည်း စည်းနှောင်ခံထားရကြောင်း မလေးရှားနိုင်ငံ
ကလန်အရပ်မှ သတင်းရရှိသည်။
ကလန်မြောက်ပိုင်းဒေသ ရဲမှူး ဆူကာစုလောင်က သေဆုံးသူခန္ဓာကိုယ်ပေါ်မှ ယင်းဒဏ်ရာဒဏ်ချက်များသည် နှိပ်စက်ခံခဲ့ရကြောင်း ပြဆိုနေသည်ဟုဆိုသည်။ သေဆုံးသူသည် အသက် ၂၀ ၀န်းကျင်ရှိသည်။
ကလန်မြောက်ပိုင်းဒေသ ရဲမှူး ဆူကာစုလောင်က သေဆုံးသူခန္ဓာကိုယ်ပေါ်မှ ယင်းဒဏ်ရာဒဏ်ချက်များသည် နှိပ်စက်ခံခဲ့ရကြောင်း ပြဆိုနေသည်ဟုဆိုသည်။ သေဆုံးသူသည် အသက် ၂၀ ၀န်းကျင်ရှိသည်။
သင်္ချိုင်းကုန်းတွင် ချိန်းတွေ့သောစုံတွဲ အမျိုးသားလေးဦးတိုက်ခိုက်၍ ချိန်းတွေ့အမျိုးသား သေဆုံး
ညအချိန်
သင်္ချိုင်းကုန်းရှိ မှောင်ရိပ်ထဲတွင် ချိန်းတွေ့ကြသည့် စုံတွဲတစ်တွဲကို
အမျိုးသားလေးဦးက ရန်စကာ ၀ိုင်းဝန်းထိုးကြိတ်ရာ အမျိုးသားသည်
ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သတင်းရရှိသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ်(၁၆၈)ရပ်ကွက်၊ ရိုးမရိပ်သာလမ်းရှိ ကျီစုသုသာန်၏ အရှေ့ဘက်အမှောင်ရိပ်ထဲတွင် နိုဝင်ဘာ ၁၅ရက် ည ၁၀နာရီခွဲခန့်က ဆိုင်ကယ်ရပ်ကာ ချိန်းတွေ့နေကြသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာကြသည် လူလေးဦးတို့က ရန်စကာ ၀ိုင်းဝန်းထိုးကြိတ်ကြသောကြောင့် အမျိုးသား သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ကိုယ်ပါဝင်ရတဲ့အခန်းနည်းတာများတာထက် ဇာတ်လမ်းကိုကြိုက်ရင် ရိုက်ပါတယ် စိုင်းစိုင်းခမ်းလှိုင်
တစ်ခါတလေ အောင်မြင်ပြီး တစ်ခါတလေလည်း မအောင်မြင် ဘူး။ ကျွန်တော်က ရုပ်ရှင်ကိုဝါသနာ ပါတဲ့အပြင် ဂီတကိုလည်းလုပ်ချင်
တယ်။ မစွန့်လွှတ်နိုင်တဲ့အတွက် အ ချိန်ရှိသရွေ့ ဂီတနဲ့ ရုပ်ရှင်အတွက်
ကြိုးစားနေတယ်ဆိုတဲ့ စိုင်းစိုင်းခမ်း လှိုင်က ]ကျွန်တော် လတ်တလော မှာ
ဒါရိုက်တာ ဦးမီးပွားရိုက်နေတဲ့ ]ကောင်းကင်ဘုံသို့ရေးသောစာ} ဗီ
ဒီယိုဇာတ်ကားကို ပိုင်ဖြိုးသု၊ ဆန်း သစ်လတို့နဲ့အတူ ပါဝင်သရုပ်ဆောင်
ထားတယ်။ ဒီကားထဲမှာ ကျွန်တော့် ဃ့မေခေအနမ က ဇာတ်လမ်းအစမှာ ကတည်းက
ချစ်သူသေသွားတဲ့ဇာတ် ကွက်နဲ့စဖွင့်ထားတဲ့အတွက် ဇာတ် ကားတစ်လျှောက်လုံးမှာ
အသည်း ကွဲနေတဲ့ပုံစံမျိုးလေးပါ။ ဒီလိုအ သည်းကွဲတဲ့ပုံစံမျိုးလည်း ကျွန်တော်
ခဏခဏရိုက်ဖူးတယ်။ ကျွန်တော် ကဇာတ်လမ်းရွေးချယ်မှုအပိုင်းမှာ ဇာတ်လမ်းကို
ကြိုက်ရင်ရိုက်ဖြစ် တယ်။
Subscribe to:
Posts (Atom)