မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Thursday, January 30, 2014

စင်တင်တေးသံရှင်(၂)ဦး ပဲခူး မဇင်းဆည်တွင် ရေနစ်သေဆုံး

BY THIT HTOO LWIN

ပဲခူးမြို့၊ အမှတ်(၂) ရဲစခန်းပိုင် ဥဿာမြို့သစ် (၁)ရပ်ကွက် မဇင်းဆည်တွင် (၃၀.၁.၂၀၁၄)နေ့ ညနေ(၄း၃၀)အချိန်ခန့်က အမျိုးသမီးနှစ်ဦး ရေနစ်သေဆုံးမှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း သစ်ထူးလွင်မှ သတင်း ရရှိပါတယ်။

သေဆုံးသူနှစ်ဦးမှာ Forwed စားသောက်ဆိုင် စင်တင်တေးဂီတ ၊ အဆိုရှင်များ ဖြစ်သည့် ဥဿာမြို့ သစ်ရပ်ကွက်ကြီး(၂)နေသူ မစံရှား(၁၈)နှစ် နှင့် မကြိုးကြာ(၁၈)နှစ် ဖြစ်ပါတယ်။

ပညာရေး၊ ကျန်းမာရေး အသုံးစရိတ် အမျိုးသားစီမံကိန်းဥပဒေမူကြမ်း ဆွေးနွေး

By

ပညာရေးနဲ့ ကျန်းမာရေး အသုံးစရိတ်ကို မဖြစ်မနေ တိုးမြှင့်သုံးစွဲဖို့ လိုအပ်တယ်လို ဖော်ပြ ထားတဲ့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် အမျိုးသားစီမံကိန်းဥပဒေမူကြမ်းနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်း ပူးပေါင်းကော်မတီက လေ့လာတွေ့ရှိချက်နဲ့ သဘောထား အစီရင်ခံစာကို ဇန်န၀ါရီ ၃၀ ရက် မှာ ကျင်းပတဲ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တင်သွင်းလိုက်ပါတယ်။
အစီရင်ခံစာမှာ ပညာရေးနဲ့ ကျန်းမာရေး အသုံးစရိတ်ကိုမဖြစ်မနေ တိုးမြှင့်သုံးစွဲဖို့ လိုအပ်သလို ဘဏ္ဍာငွေခွဲဝေမှုများတဲ့ ၀န်ကြီးဌာနတွေထံက မျှဝေကျခံသွားဖို့ အဆိုပြုထားပါတယ်။ရှေ့လာမယ့်ဘဏ္ဍာနှစ်အတွက် အမျိုးသားစီမံကိန်းဥပဒေမူကြမ်းနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ သဘောထားကို ကော်မတီ ဥက္ကဋ္ဌက အစီရင်ခံတင်ပြခဲ့တာဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသာက ပြောပါတယ်။

ရခိုင်အရေး ဗြိတိန်စွက်ဖက်မည် မဟုတ်

By

ရခိုင်အရေးကိစ္စဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ဖြစ်လို့ ဗြိတိန်နိုင်ငံအနေနဲ့ ၀င်ရောက် စွက်ဖက်မှာ မဟုတ်ဘူးလို့ ဗြိတိန်နိုင်ငံရဲ့ အာရှဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီး ဟူဂို ဆွတ်ရ် (Hugo Swire) က ပြောဆိုလိုက်ပါတယ်။
ဗြိတိသျှသံရုံးမှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစားရှင်းလင်းပွဲမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံ မေးမြန်းစဉ် ရခိုင်အရေးနဲ့ ပက်သက်လို့ ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယရေးရာ ဒုတိယ၀န်ကြီးက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ရခိုင်အရေးကိစ္စနဲ့ ပတ်သက်ပြီး ပြေလည်အောင် ဖြေရှင်းနည်းကို ဗြိတိသျှအစိုးရအနေနဲ့ လုပ်ဆောင်သွားဖို့ ရှိပါသလား ဆိုတဲ့ မေးခွန်းအပေါ်မှာ ပြန်လည် ဖြေကြားလိုက်တာပါ။

အခြေခံဥပဒေပြင်ရေးမှာ ပွင့်လင်းဖို့ ဗြိတိန်ဒုဝန်ကြီး တိုက်တွန်း

                                hugo-swire-305.jpg
rfa.org/burmese/news

လွှတ်တော်အတွင်းမှာ အင်အားအကြီးဆုံးဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ဘယ်လိုရပ်တည်မလဲ ဆိုတာ ပွင့်ပွင့်လင်းလင်းပြောရမယ့် အချိန်ရောက်နေ ပြီလို့ ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးဌာန အာရှဒေသ ဆိုင်ရာ ဒုတိယဝန်ကြီး Mr Hugo Swire က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ ကမ်းနားလမ်း ဗြိတိသျှသံရုံး စာကြည့်တိုက်မှာကျင်းပတဲ့ Mr Hugo Swire ရဲ့ မြန်မာနိုင်ငံခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောခဲ့တာပါ။
“ပါလီမန်မှာ အဓိကအင်အားစုနှစ်ခုဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးမှာ အဓိကအခန်းကဏ္ဍက ရှိနေပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး စစ်တပ် အရေးကြီးတဲ့ ကဏ္ဍမှာ ရှိနေဟု ဗြိတိန်ဝန်ကြီးပြော

                                        ဗြိတိသျှသံရုံးမှာကျင်းပသွားတဲ့ ဗြိတိန် နိုင်ငံခြားရေးရုံး အာရှရေးရာ ဝန်ကြီး ဟူဂိုဆွိုင်ရာရဲ့ သတင်းစာရှင်းလင်းပွဲ။ (ဇန်နဝါရီလ ၃၀၊ ၂၀၁၄)
 ကိုသားညွန့်ဦး  /ဗွီအိုအေ

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်တွေမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စမှာ စိန်ခေါ်ချက်တွေရှိနေပြီး၊ ဒီလုပ်ငန်းစဉ်တွေမှာ မြန်မာ စစ်တပ်ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတဲ့အကြောင်းနဲ့ လက်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့လည်း ကောင်းမွန်တဲ့ သမိုင်းအမွေထားခဲ့ဖို့ အခွင့်အလမ်းရှိနေတဲ့အကြောင်း ဗြိတိန်နိုင်ငံခြားရေးရုံး အာရှရေးရာဝန်ကြီး ဟူဂိုဆွိုင်ယာ က ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ ဗြိတိသျှသံရုံးမှာကျင်းပသွားတဲ့ ဗြိတိန် နိုင်ငံခြားရေးရုံး အာရှရေးရာ ဝန်ကြီး ဟူဂိုဆွိုင်ရာရဲ့ သတင်းစာရှင်းလင်းပွဲကို သတင်းသွားယူတဲ့ ရန်ကုန်ရုံးခွဲက ကိုသားညွန့်ဦးက ဒီအကြောင်းတင်ဆက်ပေးမှာပါ။
 Blogger

Myanmar CNN