မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Wednesday, December 4, 2013

Zaw Paing and Soe Pyae Thazin

ချစ်သုဝေနှင့် တွေ့ဆုံခြင်း


N ကိုင်ရာ ရဲ့ မင်္ဂလာပွဲအစီအစဉ်

တေးသံရှင် Nကိုင်ရာက အောက်တိုဘာလ ထဲမှာ သူမရဲ့ဖခင်ဖြစ်သူ ဆုံးပါး သွားတာကြောင့် သူ့ရဲ့ မင်္ဂလာပွဲကိုလည်း ရွှေ့ဆိုင်း ခဲ့ရပြီး အနုပညာ အလုပ်တွေ လည်း ရပ်နား ထားခဲ့ပါတယ်။ အခု နိုဝင်ဘာလ ထဲမှာတော့ Nကိုင်ရာက အနုပညာ အလုပ်တွေကို ပြန်လည် လှုပ်ရှားနေပြီး မင်္ဂလာပွဲ ကိုတော့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ ထဲမှာစီ စဉ်ထားတယ် လို့သိရပါတယ်။

“နေ့လယ်ပိုင်း ကတော့ ဘုရားကျောင်း မှာပဲ မင်္ဂလာပွဲ လုပ်ဖြစ်မယ်။ ဒင်နာ ကိုတော့ ဟိုတယ်ရွေးတုန်းပါပဲ။ ပြီးတော့ အနုပညာ အလုပ်ကို လည်း ဒီကြား ထဲ မှာ ပြန်လုပ် သွားမှာ ပါ။ လေဒီ ကိုင်ရာ စီးရီး MTV ကိုလည်း ချစ်သူများနေ့ အမီထွက်ချင်သေးတာ ဆိုတော့ ဒီကြား ထဲမှာ အလုပ်တော့ နည်းနည်း ရှုပ်နေတယ်” လို့ Nကိုင်ရာ က ပြောပါတယ်။ N ကိုင်ရာက လတ်တလော မှာတော့ သူတို့ မင်္ဂလာပွဲ အတွက် ရည်ရွယ်ထားတဲ့ သီချင်း တစ်ပုဒ် ကိုလည်း မင်္ဂလာပွဲအမီ အသံ သွင်းနေ တ

အသေထွက် ကျော်သူ

 
“ဆင်းရဲရင် နှိပ်စက်ကြလိမ့်မယ် ချမ်းသာအောင်လုပ်” ၊ “ဘကွန်းကို မနှောက်ယှက်နဲ့၊ နှောက် ယှက်ရင် ဒီ… ဝါးရင်းတုတ်နဲ့တွေ့မယ်” ၊ “ကျူးကျော်စော်ကားလာသူတို့ကို ဖြောင်းဖျပြောဆိုနေလို့ အလကားဘဲ၊ မိမိရရ ရိုက်နှက်ဆုံးမခြင်းသာ အကောင်းဆုံးဘဲ” ၊ “တူ ဖြစ်ခဲ့တုန်းက သူများတကာကို ထုခဲ့ ပြီးတော့၊
 ပေ ဖြစ်တဲ့အခါ ခံနိုင်ရည်ရှိမှ ယောင်္ကျားပီသတယ်” ၊ “လူက ကျားကိုသတ်တော့ အမဲလိုက် တယ်တဲ့၊ ကျားက လူကိုကိုက်တော့ ကျားဆိုးတယ်တဲ့” စသည့်စကားလုံးများ၊ ဒဿနများဖြင့် ပြည်သူ လူထုတို့၏
 နှလုံးသားအားဆွဲကိုင်လှုပ်ခဲ့သော ကျွန်တော်၏ ကျေးဇူးရှင် အဘဆရာကြီး မင်းသိင်္ခ၏ ပုဏ္ဍား ဘကွန်း
ဝတ္ထုအား ကျွန်တော်ကိုယ်တိုင် ဒါရိုက်တာလုပ်၍ ကျွန်တော်၏ဖခင် ဦးစိန်တင်၏ အမျိုးသားရုပ်ရှင် ကုမ္ပဏီ
အတွက်ရိုက်ကူးခဲ့သော ကျော်သူ၊ ထက်ထက်မိုးဦး၊ စိုးမြတ်နန္ဒာ၊ ဇာဂနာ၊ ဇော်ဦးတို့ ပါဝင်သရုပ် ဆောင်ခဲ့
သည့် “ပုဏ္ဍားဘကွန်း” ရုပ်ရှင်ဇာတ်ကားကြီးတွင် တေးရေး နိုင်မြန်မာ ၏ ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေသော စကားလုံးများဖြင့် ပုဏ္ဍားဘကွန်း၏ အနစ်နာခံပေးဆပ်မှုများအား ရေးဖွဲ့ထားသော
သီချင်းသည်လည်း ကျွန်တော်၏ဘဝနှင့် ရုပ်ရှင်ကြည့်ပရိသတ် ပြည်သူလူထုတို့အား အားမာန်အပြည့်
 ဖြည့်တင်းပေးနိုင်ခဲ့သော သီချင်းတစ်ပုဒ်လည်းဖြစ်ခဲ့သည်။

မှတ်မှတ်သား ပညာရှိစကား

* အရိပ်ပေးတဲ့သူတွေဟာ
   နေပူထဲမှာ နေရတယ်။

* အစာကို ဆေးလိုမစားရင်
   ဆေးကို အစာလို စားရလိမ့်မယ်…

* စာအုပ်ကောင်းက
  သူငယ်ချင်း ၁၀ ယောက်နဲ့ ညီမျှတယ်
  သူငယ်ချင်းကောင်းကတော့
  စာကြည့်တိုက် တစ်ခုနဲ့ ညီမျှတယ်……

*ခွေးကို ဟောင် လို့မကြိုက် ဘူးဆိုရင်
ကြောင် တစ်ကောင် မွေးထား……

*လေပြည်ကိုပဲမစောင့်ပါနဲ့
မုန်တိုင်းထဲလည်း
ရှင် သန်နိုင် အောင် ကြိုးစားပါ

 Blogger

Myanmar CNN