Sunday, February 9, 2014

အရက်မူးပြီး စကားများရန်ဖြစ် ရာမှဓားထိုးမှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး(အ ရှေ့)၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့၊ ပိန်းဇလုပ် ရဲတပ်ဖွဲ့ပိုင် နယ်မြေအတွင်းရှိ၊ ဖဒို-မြို့ချောင်းသွားကားလမ်း တံတားအမှတ်(၃) အနီးလယ်တဲတွင်၊ သမီး ယောက်ဖနှစ်ဦး အရက်အတူသောက် ရင်းမှ စကားများရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဖေ ဖေါ်ဝါရီလ ၆ ရက် ည(၇:၀၀) နာရီခန့်က(အဘ) ဦးဘိုကေ၏သား ကိုသန်းထွန်း(၃၈)နှစ်နှင့် ၎င်း၏ ယောက်ဖ တော်စပ်သူ(အဘ) ဦးအေး၏သား ကိုနိုင်(၃၇)နှစ်တို့သည် မင်္ဂလာဆောင် တစ်ခုမှအပြန် ကိုနိုင်၏လယ်တဲ၌ အရက်အတူသောက်ကြရင်း မ ကျေမလည်ဖြစ်ပြီး စကားများ ရန်ဖြစ်ကြရာ ကိုနိုင် မှ မိမိတဲအတွင်း အသင့်ရှိသော အရိုးအသွား(၁.၆) ပေခန့်ရှိသော ဓားဦးချွန်ဖြင့်ထိုးရာ ကိုသန်းထွန်း၏နောက်ကျော ဝဲဘက်လက်ပြင် တွင် ထိုးသွင်းဒဏ် ရာတစ်ချက်၊
ဝမ်းဗိုက်ဆီးခုံအထက်တွင် ပြတ် ရှဒဏ် ရာတစ်ချက်နှင့် ဦးခေါင်းတွင်
ပေါက်ပြဲဒဏ် ရာ အသီးသီးရရှိပြီး ပဲခူးဆေးရုံကြီးသို့ အတွင်းလူနာအဖြစ် ပို့ဆောင် ခဲ့ရပါသည်။

တရားခံကိုနိုင် ထွက်ပြေးတိမ်းရှောင်နေသဖြင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်မင်းစိုးနှင့် အဖွဲ့မှ ညတွင်းခြင်း လိုက်လံရှာဖွေဖမ်းဆီးပြီး ပ-၅/၁၄၊ပုဒ်မ (၃၂၆) အရ အမှုဖွင့်အ ရေးယူဆောင် ရွက်ထားကြောင်း သိရှိရပါသည်။
                  
မောင်မောင်မြင့်သူ(ပိန်းဇလုပ်)

BY THIT HTOO LWIN

No comments:

Post a Comment

တခုခုပြောခဲ့ပါနော်။