Sunday, February 9, 2014

မြိုင်မြို့ နယ်မှာ တုတ်ဖြင့် ရိုက်၍ သေဆုံး

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၅ နာရီ ၂၀ မိနစ်အချိန် မကွေးတိုင်း ဒေသကြီး၊ မြိုင်မြို့နယ်၊ သမင်ချောက်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးအေးလွင်(၄၆)နှစ် နေအိမ်၌ရှိနေစဉ် ဆယ်အိမ်မှူး ဦးစန်းလွင်ဌေး ရောက်ရှိလာပြီး မြိုင်မြို့နယ်၊ မြန်အောင်ကျေးရွာနေ နိုင်ဝင်း(၃၄)နှစ် ရောက်ရှိလာပြီး ထင်းအတူခုတ်သူတစ်ရွာတည်းနေ ကြည်မြင့်(၅၀)နှစ်နှင့် လုပ်အားခငွေတောင်းရာမှ စကားများရန်ဖြစ်ခဲ့ကြောင်း လာရောက်ပြောခဲ့သည်။ ထိုသို့ရန်ဖြစ်၍ ကြည်မြင့်မှနိုင်ဝင်းအား ဓါးဖြင့်ခုတ်ရာ နိုင်ဝင်း၏ ၀ဲလက်ဖ၀ါးတွင်(၂)လက်မခန့်ပြတ်ရှဒဏ်ရာ ရရှိခဲ့သဖြင့် နိုင်ဝင်းမှကြည်မြင့်အား တုတ်ဖြင့်ရိုက်ရာ ကြည့်မြင့် သေဆုံးသွားသောကြောင့် အရေးယူပေးရန်တိုင်တန်းသဖြင့် နိုင်ဝင်းအား လင်းကတောနယ်မြေရဲစခန်း (ပ)၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

ရဲဇာနည်

No comments:

Post a Comment

တခုခုပြောခဲ့ပါနော်။