Tuesday, February 11, 2014

မတ်လမှာ ဒုတိယ တစ်ကိုယ်တော်အခွေထွက်မယ့် Lဆိုင်းဇီ

အသံဝဲဝဲလေးနဲ့ ပရိသတ်ကို ဆွဲဆောင်နိုင်ပြီး သီချင်းတွေကို ပိုင် ပိုင်နိုင်နိုင်သီဆိုနိုင် စွမ်းရှိတဲ့ ကချင်တိုင်းရင်းသူအဆိုတော် Lဆိုင်းဇီက သူ့ရဲ့ ဒုတိယတစ်ကိုယ်တော် အခွေ  ဖြစ်တဲ့ ‘တစ်ကိုယ်ကောင်းဆန်တဲ့ အချစ်’ ကိုအားလုံးပြီးစီးသွားပြီဖြစ်တာကြောင့် မတ်လထဲမှာ ထွက်နိုင်ဖို့ စီစဉ်နေပြီဖြစ်ကြောင်း သိရပါ တယ်။ ‘ဝေခွဲမရပါလား’ ဆိုတဲ့ ပထမ တစ်ကိုယ် တော်အခွေထွက်ရှိအပြီး တစ်နှစ်ခွဲကျော်အကြာ ပြင်ဆင်ထားတဲ့ သူမရဲ့ ဒုတိယအခွေ နဲ့ပတ်သက် ပြီး Lဆိုင်းဇီက “တေးရေးတွေဆိုလည်း ဆရာ မြင့်မိုးအောင်၊ ဆရာကေအေတီ၊ ကို ဇဝါစတဲ့ တေးရေးဆရာတွေအများ ကြီး ပါဝင်ပါတယ်။ အဲဒီအခွေကို ဆိုင်းဇီတအားကြိုးစားထားပါတယ်။ မနှစ်က တုန်းက စလုပ်တယ်။ ဒီအခွေမှာ အသစ်တွေချည်းပဲ။ ဟာမိုနီ က အစ၊ Band ကအစ၊ တအားကောင်းတဲ့ တေးရေးဆရာ အသစ်တွေလည်းပါတယ်။
‘တစ်ကိုယ်ကောင်းဆန်တဲ့ အချစ်’ ဆိုလို့ရှိရင် ဆိုင်းဇီဆိုနေကျ ပုံစံမဟုတ်ဘူး။ နည်းနည်း မြူး တယ်။ ပြီးတော့ ဆိုင်းဇီကိုယ်တိုင်ရေးထားတဲ့ သီချင်း ဖြစ် ပါတယ်။ ဒီအခွေလေးကို တအားအားပေးစေ ချင်ပါတယ်။ နားထောင်ပြီးတော့ ဝေဖန်ပေးကြပါဦး” လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၇ရက်နေ့က ထွက်ရှိခဲ့တဲ့Valentine’s Day အမှတ်တရ ‘အဆုံးမဲ့အချစ်’ တေးစီး ရီးမှာ ပါဝင်သီဆို ထားတဲ့ Lဆိုင်းဇီက အခွေနဲ့ပတ်သက်ပြီး..
 ”ဒီအခွေလေးက Valentine’s  Day အတွက်ကို အမှတ်တရထုတ် တာဖြစ်တဲ့အတွက် ‘အဆုံးမဲ့အချစ်’ လို့ နာမည်ပေးထားတာဖြစ်ပါတယ်။ ဒီအခွေလေးကို ရိုက်ပေးတဲ့ ဒါရိုက် တာကအစ၊ ကိုဂျက်ဆန်ထွန်းလည်း ကြိုးစားထား တယ်။ ပြီးတော့ ဆိုင်းဇီရဲ့ ညီမလေး ပန်ပန်လည်းပါတယ်။ သူ့ကိုလည်း သေ သေချာချာ  train ထားတယ်။ ညီမလေးကိုလည်း ဝေဖန်ပေးကြပါ။ Valentine’s Day မှာ ဒီသီချင်းခွေလေးနား ထောင်ပြီးတော့ ချစ်သူစုံတွဲများ အားလုံး တအားကို ပျော်ရွှင်ကြပါစေ။ ကြည်နူးနိုင်ကြ ပါစေ” လို့ Lဆိုင်းဇီကပြောပါတယ်။
မျိုးမောင်/popularmyanmar

No comments:

Post a Comment

တခုခုပြောခဲ့ပါနော်။