Saturday, January 25, 2014

ရွှေဆိုင်လုပြီး လူသတ်မှု ကျူးလွန်သူ တရားခံများ ဖမ်းဆီးရေး ပိတ်ဆို့ ရှာဖွေမှုများ ဆောင်ရွက်နေ

မန္တလေး ၊ ဇန်န၀ါရီ ၂၄ ။ ။ မန္တလေး တိုင်းဒေသကြီး မိုးကုတ်မြို့ အောင် ချမ်းသာရပ်ကွက် အောင် ချမ်းသာဈေးအတွင်း ရှိ ရွှေဆိုင် နှစ်ဆိုင်အား ပစ္စတိုဟုယူဆရ သည့် သေနတ်လေးလက်ခန့် အား ကိုင်ဆောင်၍ လုယက်မှု ကျူးလွန်သွားသည့် တရားခံလူ ငယ်ခြောက်ဦးအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် မိုးကုတ် မြို့နှင့်ဆက်စပ်နေသည့် အဝေး ပြေး ကားလမ်းများပေါ်တွင် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ကို ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှ သိရသည်။

လုယက်သူ လူငယ်များ သည် မျက်နှာ များအား Mask နှင့် အနက်ရောင်ခေါင်း စွပ် ကိုယ်စီဖြင့် ဖုံးအုပ်ထားသဖြင့် မျက်နှာပုံ သဏ္ဌာန်များမှာ ခန့် မှန်းရခက်နေပြီး လက်ရှိ၌ မိုး ကုတ်မြို့တွင် လုံခြုံရေးပိုင်းကို တိုးမြှင့်ဆောင်ရွက်ထားကာ မြို့ပေါ်ရပ်ကွက်များတွင် ဧည့် စာရင်း ရှောင်တခင်စစ်ဆေး ခြင်း၊ မြို့ပေါ်လမ်းများနှင့် ရွှေ ကူကြီးဘုရား၊ ပန်းခြံထာပွဲဈေး၊ ဆုလသာလမ်းဆုံ၊ ပတ္တမြားဈေး လမ်းဆုံ၊ ငါးရံ့အင်းလမ်းဆုံ တို့ တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့်ပူးပေါင်း၍ ပိတ်ဆို့ရှာ ဖွေမှုများကို ပြုလုပ်လျက်ရှိ ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးခင်အောင် (ရဲဦးစီး)က ရန်ကုန်တိုင်းမ်နေ့ စဉ်သတင်းစာသို့ ပြောသည်။

““လုယက်သွားသူတွေနဲ့ ပတ်သက်လို့ မင်္သကာဖွယ်ရာ သတင်းတွေရရှိရင် လဲ ရဲတပ်ဖွဲ့ ကို ချက်ချင်းအကြောင်းကြား ဖို့အတွက် မိုးကုတ်မြို့နေ ပြည် သူတွေကို မှာကြားထားပါတယ်။ မိုးကုတ်မြို့ဝင်မြို့ထွက် အဝေး ပြေး လမ်းတွေ နဲ့ ကျေးရွာတွေ မှာလဲ ပိတ်ဆို့ရှာဖွေမှုတွေကို တပ်မတော်နဲ့အတူ ပူးပေါင်း ဆောင်ရွက်နေပါတယ်””ဟု ယင်း က ဆက်လက်ပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီ ၂၁ ရက်ကဖြစ်ပွားခဲ့သည့် မိုးကုတ် မြို့မှ ရွှေဆိုင်နှစ်ဆိုင် လုယက် ခံရမှုဖြစ်စဉ်တွင် ရွှေနှင့် လက် ၀တ်ရတနာမျိုးစုံ တန်ဖိုး အား ဖြင့် ငွေကျပ် သိန်းပေါင်း ၄၄၅၀ ခန့်ပါသွားပြီး လုယက်သူများမှ ပစ်ခတ်မှုကြောင့် အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ သေဆုံးခဲ့ရာ မြို့မရဲစခန်း(မိုး ကုတ်)တွင် (ပ)၂၀/၂၀၁၄၊ ပြစ် မှုပုဒ်မ ၃၉၇/၃၀၂အရ အမှုဖွင့် အရေးယူထားကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှ သိရသည်။
 
ခွန်စိုင်းအောင်/Yangon Media Group

No comments:

Post a Comment

တခုခုပြောခဲ့ပါနော်။