Sunday, January 26, 2014

ဆေးကျောင်းသူတစ်ဦးအား ဆေးကျောင်းသားတစုမှ မုဒိမ်းကျင့်သတ်ဖြတ်သည့်အမှု အမှုမှန်မပေါ်ပါက ဆေးကျောင်းသူများ အားလုံး ကျောင်းမတက်ပဲ လမ်းပေါ်ထွက်ဆန္ဒပြမည် ...

ဆေးကျောင်းသူ ၁ ဦး (မေသူသူဇော် အသက် ၁၉ နှစ် ဘ-ဦးဇော်ထွန်း) အား ဆေးကျောင်းသားတစ်စုမှ မုဒိမ်းကျင့်သတ်ဖြတ်သည့်အမှု အမှုမှန် မပေါ်ပေါက်ပါက ဆေးတက္ကသိုလ်ကျောင်းသူများ ယခုကဲ့သို့ ကျောင်းသားကဒ်များကို ဆုတ်ဖြဲ၍ ကျောင်းမတက်ပဲ လမ်းပေါ်ထွက် ဆန္ဒပြမည် ဖြစ်ကြောင်းသိရသည်။

ဆေးကျောင်းတွင် ကျောင်းသူတစ်ဦးအား ဆေးကျောင်းသားတစ်စုမှ အဖွဲ့လိုက် မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သော်လည်း တရားစီရင်ရေးပိုင်းဆိုင်ရာ အားနည်းမှုကြောင့် တရားခံများမှာ အမှုမှ လွတ်မြောက်လျက်ရှိရာ သေဆုံးသူ ဆေးကျောင်းသူလေး၏ အမနှင့် သူမ၏ သူငယ်ချင်းများမှ အမှုမှန်ပေါ်ပေါက်ရေး ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။


ဒုတိယမြောက် မုဒိမ်းကျင့်သူတဦးဖြစ်သည့် ဆေးကျောင်းသား ရဲမင်းဦး ဆိုသူမှာ ဆွေမျိုးများ၏ အကူအညီဖြင့် ယခုအခါ သြစတေးလျနိုင်ငံသို့ တိမ်းရှောင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Myawady News

No comments:

Post a Comment

တခုခုပြောခဲ့ပါနော်။