Tuesday, January 28, 2014

ဆုမြတ်နိုးဦးနဲ့ သူ့ရဲ့အနုပညာလှုပ်ရှားမှု

ဗီဒီယိုဇာတ်ကားတွေမှာ အနုပညာခြေလှမ်းတွေ ပိုမိုစိပ်စိပ် တွေ့လာရတဲ့ ဆုမြတ်နိုးဦးနဲ့ ဆုံတွေခိုက် သိချင်တာတွေကို မေးမြန်းကြည့်လိုက်တဲ့အခါ ‘အခုလတ်တလော အနုပညာလှုပ်ရှားမှု အနေနဲ့ ဒါရိုက်တာညိုမင်းလွင်ရိုက်တဲ့ ကျွန်မတို့သည် ဆယ်ကျော်သက်များဖြစ်ကြသည်ဆိုတဲ့ ကားမှာ ပါဝင်ထားပါတယ်။ ကိုအောင်ရဲလင်းနဲ့မကစ်နဲ့ပါ။ ဒီကားပြီးရင် ပြောထားတာတွေတော့ ရှိပါတယ်။ ပြီးတော့ မြတ်နိုး ရွှေအိုရောင်မုန့်ဟင်းခါးဆိုတဲ့ မြ၀တီစီးရီးကို ဒုတိယပိုင်း ဆက်ရိုက်ဖို့ရှိပါတယ်။ ကားရိုက်လာတာ မြတ်နိုး၂၀ လောက်ရှိပြီ။
လာငှားကြတာကတော့ စုံတယ်။ ရန်စွာတဲ့ အခန်းလေးတွေ၊ ပေါ့ပေါ့ပါးပါးဇာတ်လေးတွေ၊ ဗန့်ဆန်တဲ့ပုံစံလေးတွေ ဇာတ်ကတော့စုံပါတယ်။ မြတ်နိုးကိုယ်တိုင် သရုပ်ဆောင်ချင်တာကတော့ လုပ်ကွက်ရှိပြီး ဟဲဗီးကြီးတွေ လုပ်ရတဲ့ဇာတ်မျိုးဆိုရင် ပိုလုပ်ကြည့်ချင်ပါတယ်။ မြတ်နိုးက အသစ်တစ်ယောက်ဖြစ်တဲ့အတွက်ပါ။ မြတ်နိုးက သရုပ်ဆောင်အလုပ်ကို ပိုဝါသနာပါတယ်။ မြတ်နိုးရဲ့ အိပ်မက်တစ်ခုဖြစ်လို့ပါ။ သရုပ်ဆောင်အလုပ်ကို ပိုပြီးကြိုးစားဖြစ်တယ်’လို့ သူမက ပြောပြပါတယ်။

ခင်ဆွေသက်/ Trend Myanmar

No comments:

Post a Comment

တခုခုပြောခဲ့ပါနော်။