လှည်းတန်းဈေးအနီးရှိ ရွှေဆိုင်တစ်ခုတွင် ရွှေဝယ်ဟန်ဆောင်ပြီး
ရွှေလက်ကောက်ခိုးယူသွားမှုတစ်ခု ဇန်န၀ါရီ ၂၅ ရက် ညနေပိုင်းအချိန်က
ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန် သည်။
ဖြစ်စဉ်မှာ ညနေ ၄ နာရီ ၄၅ မိနစ် အချိန်က
လှည်းတန်းဈေးလမ်းဘေးရှိ“ရွှေမင်္ဂလာ” ရွှေန၀လီဆိုင်တွင် မခြူးရတနာနောင်
(၁၉)နှစ် ဆိုင်ထိုင်နေစဉ် အသက် (၄၀)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးနှင့် အသက်
(၅) နှစ်ခန့်၊ ယောက်ျားလေးတစ်ဦးတို့ ရောက်ရှိခဲ့သည်။
ထို့နောက် ရွှေလက်ကောက်ဝယ်လိုကြောင်း ပြော၍ မှန်ကောင်တာအတွင်းထားရှိသော ရွှေလက် ကောက်နှစ်ကွင်းကို မှန်ကောင်တာပေါ်တင်၍ ထုတ်ပြခဲ့သည်။
ထို့နောက် အဆိုပါ အမျိုးသမီးက တစ်မတ်သားရှိ ပြောင်လက်ကောက်တစ်ကွင်း ကာလတန်ဖိုး ကျပ် ၁၆၈,၀၀၀ကို ချိန်တွယ်တွက်ချက်ခိုင်းသဖြင့် မခြူးရတနာနောင်မှ ခေါင်းငုံ့ပြီး ဂဏန်းပေါင်းစက်ဖြင့် တွက် ချက်ခဲ့သည်ဟု ဆိုသည်။
ထို့နောက် ဈေးဝယ်သူအားကြည့်ရှုရာ အမျိုးသမီးနှင့် ကလေးတို့အား မတွေ့ရှိတော့ဘဲ မှန်ကောင်တာ ပေါ်တွင် ထားရှိသည့် ရွှေအလေးချိန် ခုနစ်ပဲ၊ နှစ်ရွေးကာလတန်ဖိုး ငွေကျပ် ၃၀၀,၀၀၀ ခန့်ရှိသည့် စက် ဖြတ် လက်ကောက်တစ်ကွင်း ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် စုံစမ်းပေးရန်အတွက် အမှုဖွင့်လိုက်ပြီး ယင်းတိုင်တန်းမှုကို ကမာရွတ်ရဲစခန်းက (ပ)၄၄/ ၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူကို စုံးစမ်းနေကာ ဖမ်းဆီးရမိပါက ပြစ်မှုပုဒ်မ ၃၇၉ဖြင့် တရားစွဲ တင်သွားမည်ဟု ဆိုထားသည်။
Written by ဇော်ဇော်ထွေး/mizzimaburmese

No comments:
Post a Comment
တခုခုပြောခဲ့ပါနော်။