Monday, December 23, 2013

လင်းလင်း၊ ချစ်သုဝေ တို့နဲ့ အတူ သြစတြေး လျကို တစ်လကြာ ဖျော်ဖြေရေး သွားမယ့် ထွန်းအိန္ဒြာဗို

ထွန်းအိန္ဒြာဗို၊ အဲလက်စ်နဲ့ Rဇာနည်တို့ တေးသံရှင်သုံးဦးက Trio Live Show အနေနဲ့ ၂ဝ၁၄ ဇန်နဝါရီ ၁၈ ရက်မှာ ရှိုးပွဲပြုလုပ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။
အမျိုးသား တေးသံရှင် နှစ်ဦးနဲ့ သီဆို ဖြစ်ပုံကို ထွန်းအိန္ဒြာဗိုက “အစီအစဉ် က ကိုဥက္ကာဦးသာ ရဲ့ အိုင်ဒီယာပါ။ ဇာနည် နဲ့လည်း အတွဲ သီချင်းတွေရှိ တယ်။ အဲလက်စ်နဲ့ လည်း အတွဲတစ် ခွေ ထွက်ဖူးတယ်။ အဲလက်စ် နဲ့ထွက် တဲ့ အတွဲခွေ ကလည်း ပရိသတ်တွေ တော်တော် ကြိုက်နှစ်သက်ခဲ့ ဖူးတယ်။ အဲဒါကြောင့် သူတို့နဲ့ ရှိုး အဖြစ် သီဆို ဖြစ်တာပါ။ နေရာကတော့ Confirm မဖြစ်သေးဘူး။ ရွေးနေတုန်းပါပဲ။ ရန်ကုန်မှာ ပဲလုပ်မှာပါ။ ပရိသတ်တွေ ကျေနပ်တဲ့ ပွဲဖြစ်မယ်လို့ ယုံကြည်ပါ တယ်။ သီချင်း တိုက်မယ့် ရက်ကိုတော့ ကျွန်မ အနေနဲ့ ၁ဝ ရက်နေ့ ကစပြီး သတ်မှတ်ထားတယ်။ အဓိက ကတော့ စတိတ်ရှိုး ရဲ့အနှစ်သာရ ပေါ်အောင် တော့ သွားရမှာပေါ့။ လာကြည့် တဲ့ ပရိသတ် ကလည်း ဒီ လူတွေ ဆိုမယ်၊ အတွဲ သီချင်းတွေ ဆိုကြမယ်လို့ အသိ ပေးထားတော့ အဲဒီ မျှော်လင့်ချက် နဲ့ လာကြမယ်။ အဲဒီ မျှော်လင့်ချက် ကို ကျေနပ်စေတဲ့ အထိ လုပ်ရမှာပေါ့”
လို့ပြောပါတယ်။ ထွန်းအိန္ဒြာဗို က အိပ်မက်ဆုံရာ Season 8 မှာ ဒိုင်အဖြစ် ဆောင်ရွက်နေပါတယ်။
“အိပ်မက်ဆုံရာ မှာ ဒိုင်အဖြစ် လုပ်ရခြင်း အဓိက အကြောင်းအရင်း ကတော့ ပါဝင် ယှဉ်ပြိုင် ကြတဲ့ ကလေး တွေကို တကယ် စိတ်ဝင်စားလို့ပါ။ အဲဒီအစီအစဉ် ကို ကြည့်တော့ ကလေး တွေက တကယ် ကြိုးစားကြတယ်။ အားထုတ်မှု၊ ပြင်ဆင်မှုတွေ က လိုအပ်တာ ထက်တောင် ကျော်လွန်နေတယ် လို့ ထင် ရလောက်အောင် ပြင်ဆင်ကြတယ်။ ကလေးတွေက တကယ် ကြိုးစားကြတယ်။ ကျွန်မတို့ ဒိုင်လုပ်တာ ကလည်း အများကြီး တတ်ကျွမ်းနား လည်လို့ လုပ်တာ မဟုတ် ပါဘူး။ ဒီကနေ့ခေတ် မှာဖြစ်ရတဲ့ ကလေး တွေက အကြားအမြင် များတဲ့ခေတ် မှာ ကြီးပြင်းရတော့ မှီငြမ်းစရာတွေ က လက်တစ်ကမ်းမှာ အစုံရှိ တယ်။ ကလေး တွေမှာ Talent လည်း ရှိကြတယ်။ ဗဟုသုတ အကြားအမြင် ကလည် များ ကြတယ်။ တစ်ယောက်စီ ရဲ့ အိုင်ဒီယာ လည်း ကောင်းကြတယ်။ ကျွန်မတို့ ဒိုင်လုပ်ရတာ က သူတို့ ကြိုးစားပြင် ဆင်ထားတဲ့ အိုင်ဒီယာတွေကို ကျွန်မ တို့ဖြတ်သန်း လာခဲ့ဖူးတဲ့ ၂၂ နှစ်၊ ၂၃ နှစ် အတွေ့အကြုံ နဲ့ အိုင်ဒီယာပေးတဲ့ သဘောနဲ့ ဒိုင်လုပ်တာပါ” လို့ ဒိုင် အဖြစ် ဆောင်ရွက်ဖြစ်ပုံကို ပြောပါ တယ်။
ထွန်းအိန္ဒြာဗိုက လင်းလင်း၊ ချစ်သုဝေတို့နဲ့အတူ ဖေဖော်ဝါရီ ၁ဝ ရက်ကနေ မတ်လ ၁ဝ ရက်နေ့အထိ သြစတြေးလျကို တစ်လ ကြာ ဖျော် ဖြေရေး ခရီးသွားရောက် ဖို့ရှိ ကြောင်း လည်း သိရပါတယ်။
ခိုင်ဝေလွင်

No comments:

Post a Comment

တခုခုပြောခဲ့ပါနော်။