Monday, November 25, 2013

အမေ

ရီဝေနေတေဲ့ အမေ့ အတွေးတွေမှာ
သားသမီးတိုင်းရဲ့ ပုံရိပ်တွေ
မပြတ် ပြေးလွှား နေတာပါ...

ခွဲခွာ ရကာနီး တစ်ဖြည်းဖြည်း ရောက်လာပြီမို့
ဖွင့်မပြောရက်တဲ့ နှုတ်ဆက် စကားတွေက ရင်နဲ့ အပြည့် နေမှာပါပဲ...

တရားရိပ်ဆိုတာ အေးချမ်းပေမယ့်
သံယောဇာဉ် ဆိုတာကလည်း
ရစ်နှောင်မှုက ကြီးမားလွန်းတာကြောင့်
အမေ..ဝေခွဲရ ခက်နေမလားဟင်...

စိတ်ချ လိုက်ပါအမေရယ်...
သူ့အိုးနဲ့ သူ့ဆန် တန်မယ့် သူတွေ ချည်းပါပဲ..


အမေ့ ခွင့်လွှတ် နားလည်မှုတွေ အတွက် 
သား၊ သမီး တွေ လိမ္မာ ရေးခြား ရှိခဲ့ပါတယ်...

ဒါပေမယ့် သူတို့ လည်း သူတို့ရဲ့ မိဘဝတ်တရားကို
အမေ့လို ဖြည့် နေကြတုန်းမို့
ပျက်ကွက်ခဲ့တာ ရှိ ရင် ခွင့်လွှတ်ပါ အမေ...

မိဝေးသား

No comments:

Post a Comment

တခုခုပြောခဲ့ပါနော်။