၂ဝ၁၁ ခုနှစ်အတွက် ‘ထာဝရ အလင်းတန်းများ’ ရုပ်ရှင်ဇာတ်ကား နဲ့
အမျိုးသမီးဇာတ်ဆောင်ဆုရရှိခဲ့ တဲ့ အကယ်ဒမီမယ်လိုဒီက အကယ် ဒမီစင်မြင့်ထက်မှာ
‘ကို့ကို လည်း ကျေး ဇူးတင်ပါတယ်’ လို့ ဆိုခဲ့တဲ့အတွက် ပရိသတ်များက စိတ်ဝင်တစားရှိခဲ့ ကြပါတယ်။
ရှေ့နှစ် ၂ဝ၁၄ ဖေဖော်ဝါရီလ ထဲ မှာတော့ ပရိသတ်စိတ်ဝင်စားတဲ့
မယ်လိုဒီတစ်ယောက် ချစ်သူနဲ့ မင်္ဂ လာပွဲဆင်နွှဲတော့မှာ ဖြစ်ပါတယ်။
အဲဒီမင်္ဂလာပွဲအစီအစဉ်နဲ့ ပတ် သက်ပြီး မယ်လိုဒီက…
”အစကတော့
မင်္ဂလာဆောင်ကို မတ်လ မှာလုပ်ဖို့စီစဉ်ထားတာ။ အခုတော့ မျိုးမင်္ဂ လာဆောင်ကို
ဖေဖော်ဝါရီလထဲမှာပဲ လုပ်ဖြစ် ဖို့များတယ်။ မင်္ဂလာပွဲကိုတော့ ရိုးရိုးပဲ၊
မနက် တစ်ပွဲ၊ ညတစ်ပွဲလုပ်မယ်။ မင်္ဂလာ ဆွမ်းကျွေး မယ်။ လက်မှတ်ထိုးမယ်။
အများကြီးတော့ မလုပ်ဘူး။ ရိုးရိုးလေး ပဲ လုပ်မှာပါ။ အကုန်လုံးကလည်း
အလုပ်ရှုပ်နေကြ တာဆိုတော့ လူ လည်း ပင်ပန်းနေတယ်။ စိတ်လည်း ပင်ပန်းရ တယ်လေ။
လက်ထပ်မယ့် သူကတော့ အနု ပညာလောကက မဟုတ်ပါဘူး။ အပြင်က ပါပဲ။ မျိုးရဲ့ငယ်ငယ်
တုန်းက အကြောင်း တွေကိုအကုန်သိတဲ့သူငယ်ချင်း ပေါ့” လို့ ပြောပြပါတယ်။
Popular Journal

No comments:
Post a Comment
တခုခုပြောခဲ့ပါနော်။