myanmar blog
Tuesday, November 26, 2013
နေတိုးတို့ မိသားစုနဲ့ မာန်အောင်မြို့ နယ်က ရခိုင် လူမျိုးတို့ရဲ့ စုပေါင်း အလှူ
တန်ဆောင်မုန်း လပြည့်နေ့ ဖြစ်တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့ နံနက် ၉ နာရီက ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် အနီးက ရခိုင်ပြည်နယ် ဓမ္မာရုံမှာ မာန်အောင် မြို့နယ် (ရန်ကုန်) အသင်းရဲ့ ၁၉ ကြိမ်မြောက် မဟာ ဘုံကထိန်နဲ့ သက်ကြီးပူဇော် ပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ မာန်အောင် မြို့နယ်ရဲ့ ရခိုင် လူမျိုးဖြစ်တဲ့ နေတိုး နဲ့မင်းသွေး တို့မိသားစုလည်း ပါဝင်ပြီး ကထိန် သင်္ကန်း ကပ်လှူခဲ့ပါတယ်။ ရခိုင်သား တစ်ယောက်နဲ့ ဒီလိုပါဝင်ပြီး လှူဒါန်းမှုနဲ့ ပတ်သက်ပြီး မင်းသွေးက “ဒီနေ့ အလှူလေးက ကထိန်သင်္ကန်း ကပ်တယ်။ လပြည့်နေ့မှာ လုပ်တယ်။ ကျွန်တော် တို့ မိသားစု ပြုလုပ်တဲ့ ကုသိုလ်တွေကို ခုနစ်ရက် သားသမီးတွေ ရပါစေလို့လည်း ဆုတောင်းပါတယ်။ ဒီလို စုစုစည်းစည်းလေး နဲ့ဆိုတော့ ကိုယ့်အိမ်မှာပဲ လုပ် တာထက် ပိုပြီးလည်းကောင်းတာပေါ့။ တန်ဆောင်မုန်း လပြည့်နေ့မှာ မင်္ဂလာရှိတဲ့ ကုသိုလ်ကောင်းမှုလေး လုပ်ရတာပေါ့” လို့ ပြောပြ ခဲ့ပါတယ်။ ဒီအခမ်းအနား မှာတော့ မာန်အောင်မြို့နယ်က ရခိုင်လူမျိုးတွေရဲ့ စုပေါင်း လုပ်တဲ့ အလှူလေး ဖြစ်ပြီး ရေစက်သွန်းချ အမျှဝေ ကုသိုလ်ယူခဲ့ ကြပါတယ်။
မေမွန်မောင်
popularmyanmar
No comments:
Post a Comment
တခုခုပြောခဲ့ပါနော်။
‹
›
Home
View web version
No comments:
Post a Comment
တခုခုပြောခဲ့ပါနော်။